
နေပြည်တော် ဇွန် ၁၀
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုး မြင့်ဦးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်း - မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်ပြီးစီးမှုအခြေ အနေကို ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်း ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိရာ ရေနံမြေအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက သဘာဝဓာတ်ငွေ့ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ စက်ရုံများနှင့် လုပ်ငန်းများ အတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးနိုင် မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သဘာဝဓာတ်ငွေ့တိုးတက် ထုတ်လုပ်နိုင် ရေး၊ ရှာဖွေရေးလုပ်ငန်းစဉ်များကို သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေးနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ပို့လွှတ်နိုင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ အား သစ်သီးခြင်းနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်း သဘာဝဓာတ်ငွေ့ဖိအားမြှင့်စက် (Compressor) ကို လည်းကောင်း၊ မအူပင်(တောင်)ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) သို့ ရောက်ရှိ ရာ စက်ရုံမှူးနှင့် စက်ရုံတာဝန်ရှိသူများက ရေနံ ဓာတ်ငွေ့ရည်ထုတ်လုပ် ဖြန့်ဖြူးနိုင်မှု အခြေအနေနှင့် စက်ရုံပုံမှန်ဆက်လက်လည်ပတ်နိုင်ရေး ဆောင်ရွက် သွားမည့်အစီအမံများကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စက်ရုံလုံခြုံရေးကို အထူးကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ရေနံ ဓာတ်ငွေ့ရည်စက်ရုံအတွင်း စက်ရုံလည်ပတ် ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်း-သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ Ball Valve Station ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ သတင်းစဉ်