
နေပြည်တော် ဖေဖော်ဝါရီ ၃
စွမ်းအင်ဝန်ကြီးဌာန၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန စုပေါင်း ကွင်း၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်အားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဦးစီးဌာန လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ မြန်မာ့ရိုးရာထမနဲထိုးနေမှုများကို ကြည့်ရှုအားပေးသည်။
မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက် အားပေးကြကြောင်း သိရသည်။
သတင်းစဉ်