ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုမိတ်ဆုံစားပွဲ တက်ရောက်

 

နေပြည်တော်  ဇန်နဝါရီ  ၃ 


(၇၅)    နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့ကို      ဂုဏ်ပြု သောအားဖြင့်     ဂုဏ်ပြုမိတ်ဆုံ စားပွဲနှင့်    ကံစမ်းမဲဖောက်ခြင်း အစီအစဉ်များကို        ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန    ရုံးအမှတ် (၆)၌  ကျင်းပရာ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုး မြင့်ဦး တက်ရောက်သည်။

 


အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီးက ဝန်ထမ်းများ အားရင်းရင်းနှီးနှီး       လိုက်လံ နှုတ်ဆက်စကား  ပြောကြားခဲ့ပြီး အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို  လက်ရည်တစ်ပြင် တည်း အတူတကွ   သုံးဆောင်သည်။

 


နေ့လယ်စာ သုံးဆောင်အပြီး တွင်    ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်      တက် ရောက်လာသည့် စွမ်းအင်ဝန်ကြီးဌာနမှဝန်ထမ်းများကို   ဂုဏ်ပြု လက်ဆောင်များ  ပေးအပ်ခြင်း၊ ကံစမ်းမဲများနှိုက်၍      ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ 

 


အခမ်းအနားသို့    ဒုတိယ ဝန်ကြီး   ဦးသန့်စင်၊   အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီး ဌာန ကြီးကြပ်မှုအောက်ရှိ ညွှန်ကြား ရေးမှူးချုပ်များ၊      ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီး အကဲများ၊   တာဝန်ရှိသူများနှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ  တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။  

သတင်းစဉ်