ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များနှင့်တွေ့ဆုံ၍ မေးမြန်းမှုများဖြေကြား

 

နေပြည်တော်   ဧပြီ   ၂၁


ပြည်ထောင်စုဝန်ကြီး    ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည်  AP သတင်းဌာန၊ ရိုက်တာ သတင်းဌာန၊ South China Morning Post သတင်း ဌာနနှင့် Straits Times   သတင်းဌာန၊  China Central Television(CCTV) သတင်းဌာန၊ People’s Daily   သတင်းဌာနနှင့်  ဆင်ဟွာသတင်းဌာနတို့မှ  သတင်းထောက်များကို      ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမများ၌   ဗီဒီယို ကွန်ဖရင့်ဖြင့်   တွေ့ဆုံ၍   မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က အဖွင့်မိတ်ဆက်စကားပြောကြားရာတွင် ယခု ကဲ့သို့ မီဒီယာတွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခွင့် ရသည့်အတွက်နှင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများ တွင်  စိတ်ဝင်စားသည့်အတွက် အထူးပင်ကျေးဇူး တင်ပါကြောင်း။ 

 


ယနေ့မီဒီယာတွေ့ဆုံမှုတွင်    ရင်းနှီးမြှုပ်နှံမှု နှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး    ဦးအောင်နိုင်ဦးနှင့်အတူ ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း။

 


ဖွံ့ဖြိုးတိုးတက်မှုအချို့ရှိ 


ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် နောက်ပိုင်းတွင် သတင်းထုတ်ပြန်ချက်တစ်ခု ကို  ထုတ်ပြန်မျှဝေပေးသွားမည်  ဖြစ်ပါကြောင်း၊ ယေဘုယျအနေဖြင့် ခြုံငုံကြည့်ပါက  စွမ်းအင်ကဏ္ဍ နှင့် စီးပွားရေးကဏ္ဍများသည် ဆက်စပ်ပြီး မြန်မာ နိုင်ငံတွင် သိသိသာသာဖွံ့ဖြိုးတိုးတက်မှုအချို့ ရှိနေ ပါကြောင်း၊  ရုရှား-ယူကရိန်းပဋိပက္ခမှ  အစပျိုးခဲ့ သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးနှုန်းများသည် ကမ္ဘာတွင် ယနေ့အခါ သိသိသာသာ တက်လာသည် ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ တွင်းအခြေအနေမှာ  အခြေခံအဆောက်အဦများ မဖွံ့ဖြိုးခြင်း၊  မကြာခင်က  မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ဘဏ္ဍာရေးပြဿနာများနှင့် အကြမ်း ဖက်သမားများက ဓာတ်အားလိုင်းအချို့ကို ဖျက်ဆီး မှုများကြောင့်    မြန်မာပြည်သူများကို  ဆိုးကျိုး သက်ရောက်မှုများ ရှိခဲ့ပါကြောင်း။ 

 


မိမိတို့နိုင်ငံ   တည်ငြိမ်အေးချမ်းမှုရရှိအောင် ယနေ့အချိန်တွင်  စွမ်းအင်လိုအပ်မှု   ပြဿနာကို ဖြေရှင်းပေးရန်   လိုအပ်လာပါကြောင်း၊ တစ်ချိန် တည်းမှာပင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အသစ်များ  မကြာမီက  ထုတ်ပြန်ခဲ့ကြပါကြောင်း၊ နိုင်ငံခြားရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီအချို့ မြန်မာပြည်မှ ထွက်ခွာမှုများကို မီဒီယာတော်တော် များများတွင်   ဖော်ပြမှုများရှိခဲ့ပါကြောင်း၊  ယခု မီဒီယာတွေ့ဆုံမှုတွင်     အဆိုပါပြဿနာများကို မိမိတို့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးက အလှည့်ကျဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း   ပြောကြား သည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က  ယနေ့မီဒီယာများနှင့် တွေ့ဆုံရသည်ကို အလွန် ဝမ်းမြောက်ပါကြောင်း၊  မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့်   စီးပွားရေးနှင့်  ပတ်သက်သည့် အခြေအနေ၊   စွမ်းအင်ကဏ္ဍနှင့်  ပတ်သက်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု များကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။

 


 အထူးသဖြင့်    ယခုရက်ပိုင်း   မီဒီယာများ စိတ်ဝင်စားနေသည့် မြန်မာနိုင်ငံ၏ ငွေလဲနှုန်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ယခု အစိုးရလက်ထက်တွင် ယခင့် ယခင် အစိုးရများနှင့် မတူသည့် စိန်ခေါ်မှုများစွာရှိပါကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများရှိသလို    အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်   မတည်ငြိမ်မှုများရှိပါကြောင်း၊ ထိုအရာများသည် စီးပွားရေးအပေါ် သက်ရောက်မှု များဖြစ်ပေါ်နေပါကြောင်း။

 


သို့သော်လည်း ကိုဗစ် - ၁၉ ရောဂါကို ယခု အချိန်တွင်    ထိန်းချုပ်နိုင်သည့်   အနေအထား ရောက်ရှိသည့်အတွက် ပြန်လည်ဖွင့်လှစ်နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါနှင့် ဆက်စပ်၍လည်း နိုင်ငံ၏စီးပွားရေးမှာ တိုးတက်မှု နှေးကွေးခဲ့ရပါကြောင်း၊ အထူးသဖြင့် ယခုကာလ တွင် ပိုမိုနှေးကွေးနေရသည်ကို    တွေ့ရပါကြောင်း။

 


  စီမံကိန်းအသစ်များ ထပ်မံဖိတ်ခေါ် 


လက်ရှိအစိုးရသည်         တိုင်းပြည်တွင် လတ်တလော လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်ရေးကို အာရုံစိုက်ဆောင်ရွက် နေပါကြောင်း၊ တိုင်းပြည်၏ စီးပွားရေးတည်ငြိမ်မှု ရရှိအောင်  ဆောင်ရွက်နေပြီး  စွမ်းအင်ကဏ္ဍသည် ဦးစားပေးကဏ္ဍ ဖြစ်ပါကြောင်း၊ စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် စီမံကိန်းများကို မြန်မြန်ဆန်ဆန်    အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေပါကြောင်း၊     စီမံကိန်းအသစ်များကို လည်း ထပ်မံဖိတ်ခေါ်နေပါကြောင်း။

 


မိမိတို့အစိုးရအနေဖြင့်   မည်သို့ပင်  အခက်အခဲ စိန်ခေါ်မှုများရှိစေကာမူ      ထိုစိန်ခေါ်မှုများကို ဖြတ်ကျော်ပြီး   မူလရည်ရွယ်ထားသည့်အတိုင်း ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးတည်ငြိမ် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊      ပါဝင် တက်ရောက်လာသည့်    မီဒီယာများကိုလည်း ကျေးဇူးတင်ပါကြောင်း    အဖွင့်မိတ်ဆက်စကား ပြောကြားသည်။


(ဆက်လက်ဖော်ပြပါမည်)