
နေပြည်တော် စက်တင်ဘာ ၂၆
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာန ညွှန်ကြား ရေးမှူး Ms. Zeng Yan ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ချစ်ကြည်ရင်းနှီးစွာဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ မီဒီယာချင်း ပူးပေါင်းဆောင်ရွက် ရေးနှင့် ယူနန်ပြည်နယ် မီဒီယာ များနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ရေး၊ နှစ်နိုင်ငံ အစိုးရချင်း သာမက ပြည်သူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့် နားလည်မှု ရှိစေရေး၊ ရုပ်မြင်သံကြားနှင့် ပုံနှိပ် မီဒီယာများအပြင် New Media ကဏ္ဍတွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည် တော် ယူနန်ပြည်နယ် ပါတီ ကော်မတီ အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာန ညွှန်ကြားရေးမှူးတို့သည် အမှတ် တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက် ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဧည့်သည်တော်အဖွဲ့ အား နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံသည်။
ကြိုဆိုနှုတ်ဆက်
နံနက်ပိုင်းကလည်း ယူနန် ပြည်နယ်ပါတီကော်မတီ အမြဲတမ်း ကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ ရေးရာဌာန ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် နေပြည်တော်- တပ်ကုန်း ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သို့ သွားရောက်လေ့လာကြရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ MRTV - NRC Channel မှ တိုင်းရင်းသား တိုင်းရင်းသူများက ဦးစွာ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နှစ်နိုင်ငံ မီဒီယာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် ရေး ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ကြသည်။
ယင်းနောက် MRTV News Channel Studio တွင် သတင်း ရိုက်ကူးထုတ်လွှင့်မှုကို လည်း ကောင်း၊ Auditorium ခန်းမ တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဝန်ထမ်းများ၏ “သွေးချင်းတို့ဌာနေ မြန်မာပြည်” တေးသီချင်း သရုပ်ဖော်ရိုက်ကူးမှု ကို လည်းကောင်း ကြည့်ရှု အားပေးသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် အတွင်းရှိ Mini Theatre တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သမိုင်းကြောင်းနှင့် စိန်ရတု ပြတိုက်အကြောင်း ရုပ်သံ မှတ်တမ်းကို ကြည့်ရှုအားပေးပြီး ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံး ပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော် ယာဉ်များ၊ တူရိယာပစ္စည်းများ၊ ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများ ကို ကြည့်ရှုလေ့လာကြရာ တာဝန် ရှိသူများက ရှင်းလင်းပြသသည်။
လိုက်လံကြည့်ရှုလေ့လာ
မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာန ညွှန်ကြား ရေးမှူးနှင့်အဖွဲ့သည် ကျောက်မျက် ရတနာပြတိုက်(နေပြည်တော်)သို့ သွားရောက်၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက် စိမ်း၊ ကျောက်မျက်အချောထည် များ၊ လက်ဝတ်ရတနာများ၊ ပုလဲ အတွဲများကို လိုက်လံကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြ သည်။
ညနေပိုင်းတွင် အဆိုပါအဖွဲ့ သည် နေပြည်တော်မှလေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရ သည်။
သတင်းစဉ်