
နေပြည်တော် နိုဝင်ဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အခြေစိုက် The Greater Mekong River (GMS) အဖွဲ့အစည်း၏ Cross border E-commerce Cooperation Platform Enterprise Alliance ဥက္ကဋ္ဌ Mr. Yi Hong နှင့်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ ပြီး (ဝဲပုံ) GMS ဝက်ဘ်ဆိုက် ထူထောင် ထားမှု၊ ထိုဝက်ဘ်ဆိုက်တွင် စီးပွားရေး ဆိုင်ရာသတင်းများအပါအဝင် သတင်း များ လွှင့်တင်ထားမှု၊ နိုင်ငံပေါင်း ၁၃ နိုင်ငံ မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများအတွက် သတင်းများ ယုံကြည်စိတ်ချစွာ လေ့လာနိုင်မှု၊ ဘာသာ ပေါင်း ၁၃ မျိုးဖြင့် သတင်းများ ကြည့်ရှု နိုင်မှု၊ နောင်တွင် ဘာသာပေါင်း ၂၀ အထိ တိုးချဲ့ဆောင်ရွက်ရန်လျာထားမှု၊ တရုတ် နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အွန်လိုင်းမှ ပစ္စည်းများ ချိတ်ဆက်ဝယ်ယူနိုင်မှုတို့နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေး တင်ပြသည်။
ဆွေးနွေးမေးမြန်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက လိုအပ် သည်များကို ပြန်လည်ဆွေးနွေးမေးမြန်း ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ GMS အဖွဲ့အစည်း၏ မြန်မာနိုင်ငံတာဝန်ခံ ဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
သတင်းစဉ်