
ကူမင်း ဩဂုတ် ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ယူနန် ပြည်နယ် ကူမင်းမြို့ရှိ ယူနန် ရုပ်မြင်သံကြားဌာန ( Yunan Television YNTV) သို့ သွားရောက် လေ့လာရာ YNTV မှ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသ သည်။
ယူနန်ရုပ်မြင်သံကြားဌာနကို ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်တည်ထောင် ခဲ့ပြီး ရုပ်သံလိုင်း (၁၀)ခုဖြင့် ထုတ်လွှင့်လျက်ရှိကာ ရုပ်သံ ဇာတ်လမ်းတွဲများသည် တရုတ် နိုင်ငံအပါအဝင် ယူနန်ပြည်နယ် သို့ ကမ္ဘာလှည့်ခရီးသွားများ တိုးပွားလာစေရေးကို ကောင်းစွာ အထောက်အကူပြုကြောင်း သိရ သည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ယူနန်ရုပ်မြင်သံကြား ပြတိုက်ထုတ်လွှင့်မှု ဆောင်ရွက် လျက်ရှိသည့် Studio များကို လှည့်လည်ကြည့်ရှုကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ယူနန် ရုပ်မြင်သံကြားတို့အကြား ယခင် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ ယခု ပူးပေါင်း လုပ်ဆောင်နေမှုများနှင့် ရုပ်သံကဏ္ဍအပါအဝင် မီဒီယာ ကဏ္ဍများတွင် ပိုမိုကျယ်ကျယ် ပြန့်ပြန့်နှင့် ထိထိရောက်ရောက် ဖြစ်စေရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် ယူနန်ရုပ်မြင်သံကြား နှင့် ဇာတ်လမ်းတွဲများ မြန်မာ စာတန်းထိုး၍ပြသခြင်း၊ လှပသော မြန်မာ (Beautiful Myanmar) Promo Video Short Clip ရိုက်ကူးခြင်းအပါအဝင် ပူးပေါင်း ဆောင်ရွက်လျက် ယူနန်ရုပ်မြင် သံကြားဌာနက ဆောင်ရွက်လျက် ရှိသော “လန်ချန်း-မဲခေါင် Look App” တွင်လည်း မဲခေါင်- လန်ချန်း အဖွဲ့ဝင်တစ်နိုင်ငံဖြစ် သည့်အားလျော်စွာ ပါဝင်နိုင်ရေး ဆက်လက်လုပ်ဆောင်ရန် သဘော တူထားပြီးဖြစ်သည်။
လက်ခံတွေ့ဆုံ
ပြည်ထောင်စု ဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက China Global Television Net (CGTN) နှင့်လည်းကောင်း၊ ယနေ့နံနက် ပိုင်းတွင် ပေါက်ဖော်မဂ္ဂဇင်းနှင့် လည်းကောင်း လက်ခံ တွေ့ဆုံပြီး သိရှိလိုသည်များ မေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားခဲ့သည်။
ထို့အပြင် မဲခေါင် - လန်ချန်း အက်ပလီကေးရှင်း ဆောင်ရွက်နေမှု နှင့်ပတ်သက်၍လည်း ဝမ်းမြောက် ကြောင်း မုဒိတာစကား ပြောကြား ခဲ့သည်။ ယင်းအက်ပလီကေးရှင်း ကို တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းဘာသာစကားတို့ဖြင့် စတင် စမ်းသပ် ထုတ်လွှင့်နေပြီဖြစ်ပြီး ၂၀၂၅ခုနှစ်အကုန်တွင် မဲခေါင်-လန်ချန်း အဖွဲ့ဝင်အားလုံး ပါဝင် သည့် အက်ပလီကေးရှင်းဖြစ်စေ ရေး ရည်ရွယ်လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
သွားရောက်လေ့လာ
ထို့အပြင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ( Kunming Medical University) သို့ သွားရောက်လေ့လာခဲ့ရာ တက္ကသိုလ်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်
ယင်းတက္ကသိုလ်ကို ၂၀၁၆ ခုနှစ် တွင် ယူနန် ဆေးဘက်ဆိုင်ရာ ကောလိပ်အဖြစ်မှ ၂၀၁၂ ခုနှစ် တွင် ကူမင်းဆေးဘက်ဆိုင်ရာ တက္ကသိုလ်အဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၆ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့သည့် Independent Medical Education Institutions မှ စတင်အခြေတည်ကာ အဆင့် ဆင့် တိုးတက်ဖွဲ့စည်းခဲ့သည့် တက္ကသိုလ် တစ်ခုဖြစ်ပြီး အခြား ဆေးတက္ကသိုလ်ပေါင်း(၉၀)ကျော် နှင့် သင်ကြားမှုဆိုင်ရာများတွင်လည်းကောင်း၊ ဆေးသုတေသန လုပ်ငန်းများအတွက် (၂၉)နိုင်ငံ နှင့်လည်းကောင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ယင်း တက္ကသိုလ်က မွေးထုတ်ပေးလိုက် သော ပါရဂူဘွဲ့၊ မာစတာဘွဲ့၊ ဒေါက်တာဘွဲ့၊ ဆေးဘက်ဆိုင်ရာ နှင့် ဆက်စပ်သည့် ဘွဲ့ရပညာ တတ်များသည် တရုတ်နိုင်ငံ၏ ဝေးလံခေါင်သီသော နေရာများနှင့် အခြေခံ လူတန်းစားတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ထိရောက်စွာဆောင်ရွက်နိုင် ခဲ့ကြောင်းနှင့် သက်ဆိုင်ရာဒေသ များ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးများ၊ ဒေသ တည်ငြိမ် အေးချမ်းရေးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေရန်တို့အတွက် ထိရောက်စွာ အထောက်အပံ့ ပြုနိုင်ခဲ့ကြောင်း၊ ဆေးပညာအပါအဝင် ဆေးပညာ နှင့် ဆက်စပ်သည့်ဘာသာရပ် များကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်