ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဥရောပအာရှစီးပွားရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

 

သတင်းအချက်အလက်၊ နည်းပညာ၊ လေကြောင်းဆက်သွယ်ရေး၊ ဆိုက်ဘာလုံခြုံရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေး

 

နေပြည်တော်  မတ်   ၂၅


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   ဥရောပအာရှစီးပွားရေး ကော်မရှင်၏ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  ပြန်ကြားရေးဝန် ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် သတင်းအချက်အလက်၊ နည်းပညာ၊ လေကြောင်းဆက်သွယ်ရေး၊ ဆိုက်ဘာလုံခြုံရေးတို့ အပါအဝင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေး သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် မှုများ  စတင်နိုင်ရေးအတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများ၊ ဦးစားပေးဆောင်ရွက်နိုင်မည့် စီမံချက်လုပ်ငန်း များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြ သည်။ 

 


တွေ့ဆုံပွဲသို့   ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်   တာဝန်ရှိသူများ၊ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးအသင်း  ဒုတိယဥက္ကဋ္ဌ   Mr.Vitaly   MALIEV ဦးဆောင်သည့်  အစိုးရမဟုတ်သော အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် သည့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ကြသည်။ 


သတင်းစဉ်