ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းမှုများဖြေကြား

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၃


ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များအား ယနေ့ မွန်းလွဲပိုင်းတွင်  ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဖွင့်မိတ်ဆက်စကား ပြောကြားရာတွင် ယခုလို ထပ်မံဆုံတွေ့ခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း၊ အခါ အခွင့်သင့်၍ မြန်မာနိုင်ငံနှင့် ပတ်သက် သည့်        သိသင့်သိထိုက်သည်များကို  ပြောကြားလိုပါကြောင်း၊          ယခုလို ဆွေးနွေးပြောကြားချက်များကို  နိုင်ငံ တကာသို့ သတင်းစကားပါးပေးရန်နှင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း မှားများ၊ တစ်ဖက်သတ်စွပ်စွဲချက်များကို ရှင်းလင်းဖော်ပြပေးရန်        အထူးပင် မေတ္တာရပ်ခံလိုပါကြောင်း။

 


ယခုဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက နိုင်ငံ့တာဝန်ထမ်းဆောင် ခဲ့သည်မှာ  တစ်နှစ်ပြည့်ခဲ့ပြီ    ဖြစ်ပါ ကြောင်း၊    တစ်နှစ်တာကာလအတွင်း    မိမိတို့ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို        ပြန်ကြည့်လျှင် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားကို ဦးထိပ်ထားပြီး    လုပ်သင့်လုပ်ထိုက်၊   ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို   မနား မနေဆောင်ရွက်ခဲ့သည်ကို     သိမြင်နိုင် မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အမျိုး သားနိုင်ငံရေး လုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ် ရိက္ခာဖူလုံစေရေးကိစ္စများကို ဇောင်းပေး ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် စစ်မှန်ပြီး  စည်းကမ်း ပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့်   ဒီမိုကရေစီဖက်ဒရယ် စနစ်ကိုအခြေခံသည့်   ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် လုပ်ငန်းစဉ် များကိုလည်း တစိုက်မတ်မတ် ဆောင် ရွက်ပေးခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါ ကြောင်း။

 


ယင်းလုပ်ငန်းတာဝန်များကို  ထမ်း ဆောင်သည့်အခါ မသမာသူအကြမ်းဖက် သမားများ၏   ဟန့်တားနှောင့်ယှက်မှု အမျိုးမျိုးကို  ကြုံတွေ့ခဲ့ကြသော်လည်း ပြည်သူအများ၏   လက်ခံယုံကြည်မှု၊ အားပေးကူညီမှုများ ရရှိခဲ့သည့်အတွက် အထိုက်အလျောက် အောင်မြင်မှုရှိသည် ဟု ဆိုနိုင်ပါကြောင်း။

 


ထပ်မံ၍ ပြောကြားလိုသည့်အချက် မှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် မိမိတို့နိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့  ဂုဏ်ပြုအခမ်းအနား ကြီး ကျင်းပပြီးစီးမှုပင် ဖြစ်ပါကြောင်း၊ ယင်းအခမ်းအနားကြီးကို   ကျောင်းသူ ကျောင်းသားများ၊   နိုင်ငံ့ဝန်ထမ်းများ၊ တမ်မတော်သားများ၊  တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ    တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက          စိတ်အား တက်ကြွစွာပါဝင်ဆင်နွှဲခဲ့ကြပြီး နိုင်ငံရေး ပါတီကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ   ကိုယ်စား လှယ်များ        တက်ရောက်ခဲ့ကြသည့် အတွက် မြန်မာနိုင်ငံတွင်  ကျင်းပသည့် အခမ်းအနားများထဲမှ           အနှစ်သာရ အပြည့်ဝဆုံးနှင့်   အခမ်းနားဆုံးအဖြစ် ပြည်သူအားလုံးက        မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြပါကြောင်း။

 


ယခုကဲ့သို့     အခမ်းအနားကြီးကို အောင်မြင်စွာ    ကျင်းပပြုလုပ်နိုင်ခြင်း သည်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များ၊ ကျောင်းသား  ကျောင်းသူ၊ ဆရာ ဆရာမများအားလုံးက            နားလည် ယုံကြည်မှု၊    စည်းလုံးညီညွတ်မှုနှင့် အတူတကွတည်ရှိနေသည်ကို ပြသနိုင် ခဲ့သည်ဟု ပြောကြားလိုပါကြောင်း။

 


ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို   တည် ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်း ရေးရရှိရေးသည် အလွန်အရေးကြီးသည် ဟု မိမိတို့ခံယူထားပါကြောင်း၊ ယနေ့ အချိန်တွင်   အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှ အပ  NCA     လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် NCA လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားပါကြောင်း၊ ထိုသို့ ဖိတ်ခေါ်သည့်အခါ ထူးခြားချက် အနေဖြင့် ဆွေးနွေးမည့် အကြောင်းအရာ များကို  ကြိုတင်ကန့်သတ်ချက်မထား ဘဲ တတ်နိုင်သမျှ   လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်ရန်    ရည်ရွယ်ချက်ထား ရှိပြီး ဖိတ်ခေါ်ထားခြင်း ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့်ပြောရလျှင် ငြိမ်းချမ်း ရေးနှင့်  အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ်  ယခုနှစ်မှ စ၍ ငြိမ်းချမ်းရေးအတွက်  ခြေလှမ်းသစ် စတင်မည်ဖြစ်ကြောင်းကို    အသိပေး ပြောကြားလိုပါကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအနေဖြင့်  အမျိုး သားရေးလုပ်ငန်းစဉ်  နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ် ရိက္ခာဖူလုံရေးလုပ်ငန်းစဉ်၊   နိုင်ငံရေး လုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သည့်    စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကိုအခြေခံသည့်    ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် လုပ်ငန်းစဉ် နှင့် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး   လုပ်ငန်းစဉ်များကို ယခုနှစ်မှစပြီး      ပြည်သူများနှင့်အတူ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍ တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၏ တိုက်ပွဲများဖြစ်ပွားနေသည့်    ရခိုင်၊ ချင်းနှင့်   ကယားပြည်နယ်တို့ကဲ့သို့ သော  နိုင်ငံ၏အစွန်အဖျားဒေသများ၌ ထိန်းချုပ်မှု/ စိုးမိုးမှု ဆုံးရှုံးနေပါသလား မေးခွန်းနှင့်  စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက CRPH, NUG, PDF စသည့် အကြမ်းဖက်   အဖွဲ့အစည်းများသည်  လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်၊        ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ ဒေသများတွင်  အကြမ်းဖက်မှုလုပ်ရပ် များကို မကြာခဏလုပ်ဆောင်ပြီး လူမှု ကွန်ရက်စာမျက်နှာများမှ    တစ်ဆင့် နိုင်ငံအတွင်း  တည်ငြိမ်အေးချမ်းမှုမရှိ ကြောင်း ဝါဒဖြန့်ဆောင်ရွက်နေကြသည် ကို သတင်းထောက်ကြီးအသိပင် ဖြစ်ပါ ကြောင်း၊  ယခုကဲ့သို့ အကြမ်းဖက်ဥပဒေ မဲ့ ရမ်းကားသည့်  လုပ်ရပ်များကြောင့်  ပြည်သူများသည်   အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြ စွာ၊ စိတ်မချမ်းသာစွာ နေထိုင်နေကြရပြီး တပ်မတော်၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစ ရှိသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ  အနေ ဖြင့်   ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက်       လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လူမှုဘဝများ   ပုံမှန်ရှင်သန် လည်ပတ်နိုင်အောင် လုံခြုံရေးရှုထောင့် က  အလေးထားဆောင်ရွက်နေသော ကြောင့် ထိန်းချုပ်နိုင်မှု၊ နိုင်ငံ့လုံခြုံရေး စိုးမိုးနိုင်မှု ဆုံးရှုံးခြင်းမျိုး       မဖြစ်ပါ ကြောင်း၊  စိတ်ခံစားမှုကို ရှေ့တန်းတင်ပြီး တရားဥပဒေမဲ့  လူမဆန်သည့်လုပ်ရပ် များအတွက် အချိန်တိုအတွင်း  ဥပဒေ ဘောင်အတွင်းက လူ့အခွင့်အရေးဆုံးရှုံး မှုမရှိစေရေး  အလေးထားဆောင်ရွက် ခဲ့သည့်အတွက်      နိုင်ငံလုံခြုံရေးနှင့်  တည်ငြိမ်ရေးကို ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်သည်ဟု ဖြေကြားလိုပါကြောင်း၊  နယ်စပ်ဒေသများတွင် CRPH, NUG, PDF တို့၏ လက်နက်ပြခြိမ်းခြောက်မှု များကို တပ်မတော်က ရှင်းလင်းဆောင် ရွက်ပေးနေပြီး ပြည်သူလူထုကို အပြည့် အဝ   ကာကွယ်စောင့်ရှောက်ပေးနေပါ ကြောင်း၊   ယခုကဲ့သို့ တရားမဲ့အနိုင်ကျင့် သတ်ဖြတ်မှုများကို ပြည်သူများက  မခံ မရပ်နိုင်ဖြစ်နေကြောင်း စာများရေးသား တင်ပြမှုများလည်းရှိနေပါကြောင်း၊  နိုင်ငံ ၏ နေရာဒေသအားလုံးတွင်   လုံခြုံ တည်ငြိမ်ရေးကို လုံးဝထိန်းချုပ်ထားနိုင် ပြီး တိုင်းဒေသကြီး/  ပြည်နယ်များက ရပ်ကွက်/ကျေးရွာအုပ်စု ၁၆၃၇၀ တွင် အုပ်ချုပ်ရေးမှူး ၁၅၇၄၂  ဦး ခန့်အပ်ပြီး ဖြစ်ပါကြောင်း၊   CRPH, NUG,  PDF တို့၏ ခြိမ်းခြောက်မှုကြောင့် နုတ်ထွက် သွားသည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူး  ၃၁၇၆   ဦးရှိခဲ့ရာ   ၂၆၁၉   ဦး ပြန်လည်ခန့်အပ်ထားနိုင်ပြီဖြစ်ပြီး မြို့ရွာ လုံခြုံရေးကို   အပြည့်အဝဆောင်ရွက် နိုင်ပါကြောင်း ဖြေကြားသည်။

 


ယင်းနောက် တပ်မတော်မှ အခြား ဘက်သို့    ကူးပြောင်းခိုလှုံသွားသည့် သတင်းများ        ရရှိထားသည့်အတွက် လူကြီးမင်းအနေဖြင့်    မည်သို့တုံ့ပြန် ရှင်းလင်းပြောကြားလိုပါသလဲ မေးခွန်း နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  ယင်းကိစ္စနှင့်စပ်လျဉ်း၍   တပ်မတော် သားများ  အပြစ်ကျူးလွန်ခဲ့မည်ဆိုပါက တပ်မတော်သားများအတွက်   ပြဋ္ဌာန်း ထားသည့် တပ်မတော်၏   စည်းမျဉ်း စည်းကမ်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  အလားတူ      ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ ဥပဒေကို   ချိုးဖောက်ကျူးလွန် ဆောင်ရွက်ခဲ့မည်ဆိုပါက  ရဲတပ်ဖွဲ့၏ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့် အညီ အရေးယူသွားမည်        ဖြစ်ပါကြောင်း၊ အင်တာနက်စာမျက်နှာပေါ်တွင် တွေ့မြင် နေရသည့်သတင်းများသည်    ဥပဒေ ချိုးဖောက်ပြီး ၎င်းတို့၏အပြစ်ကို ဝန်ခံ ရန် သတ္တိမရှိသည့်    သူရဲဘောကြောင် သော      လောက်ကောင်တစ်ယောက်/နှစ်ယောက်၏ သတင်းများသာဖြစ်ပြီး ယင်းသတင်းများကို    ပုံကြီးချဲ့ပြောဆို လွှင့်တင်နေကြခြင်း        ဖြစ်ပါကြောင်း၊  ဥပဒေကို ချိုးဖောက်ပြီး အမှန်တရားကို ရင်ဆိုင်ဖြေရှင်းရန်       ကြောက်ရွံ့သည့် လက်ချိုးရေ၍ရသည့်   အရေအတွက် အနည်းငယ်သာ အကြောက်တရားနှင့် စည်းရုံးမှုကြောင့်သာ     ပါသွားခြင်းမျိုး ဖြစ်ပါကြောင်း၊  တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ နိုင်ငံတော် နှင့် ပြည်သူများအပေါ် ၁၀၀ ရာခိုင်နှုန်း အပြည့် သစ္စာစောင့်သိစွာ၊ တာဝန်ကျေ စွာ အချိန်ပြည့်ထမ်းရွက်လျက်ရှိနေကြ ပါကြောင်း၊     တစ်နိုင်ငံလုံးတွင်ရှိသည့် 
နိုင်ငံ့ဝန်ထမ်းများသည် လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏  တရားမျှတ မှန်ကန်သည့် နိုင်ငံတော်စီမံခန့်ခွဲမှုအပေါ် ယုံကြည်လေးစား လက်ခံမှုကို (၇၅)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်း များ ချီတက်မှုက သက်သေပြလျက်ရှိပါ ကြောင်း ဖြေကြားသည်။

 


ထို့နောက် CRPH, NUG, PDF အဖွဲ့ များကို  အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ များနှင့် သဏ္ဌာန်တူသည့် အကြမ်းဖက် ဝါဒဖြင့်   ချိတ်ဆက်နေသူများအဖြစ် မြန်မာပြည်သူများ၏ စိတ်တွင် ထင်ဟပ် စေရန် လူကြီးမင်းအနေဖြင့် ပြသသွား နိုင်ရေး  ကြိုးပမ်းဆောင်ရွက်ရာတွင် အကျိုးဖြစ်ထွန်းစေပါသလား၊  လူကြီး မင်း၏သဘောထားမှာ မည်သို့ရှိပါသလဲ မေးခွန်းနှင့်စပ်လျဉ်း၍   ပြည်ထောင်စု ဝန်ကြီးက ၎င်းအဖွဲ့များသည် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ များကို   ထိခိုက်ပျက်စီးစေခြင်း၊ လမ်း တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား     စိုးရိမ် ထိတ်လန့်စေရေး မြို့ရွာများအား မီးရှို့ ဖျက်ဆီးခြင်း၊ အကြောင်းမဲ့သတ်ဖြတ် ခြင်းစသည့်  နိုင်ငံတကာတွင်  အကြမ်း ဖက်အဖွဲ့အစည်းများ  ပြုလုပ်နေသည့် လုပ်ရပ်များကဲ့သို့ အပြစ်မဲ့သည့် မိမိနိုင်ငံ သားများကို    လုပ်ဆောင်နေကြသော ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့ရပါကြောင်း၊   နိုင်ငံ ရေး၊  စီးပွားရေး၊  လူမှုရေးကိစ္စများကို ဥပဒေဘောင်အတွင်းမှ တရားနည်းလမ်း ကျစွာ   ဖြေရှင်းဆောင်ရွက်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏     အဓိကအခြေခံ အကြောင်းတရားဖြစ်ပါကြောင်း၊  တရား ဥပဒေမဲ့ လူသတ်၊   မီးရှို့၊    ဖျက်ဆီး၊ မိုင်းထောင်၊ ဖောက်ခွဲ၊ ငါနှင့်မတူငါ့ရန်သူ ဆိုပြီး ဒလန်ဟုစွပ်စွဲမှုများသည် အကြမ်း ဖက်ဝါဒစစ်စစ်         ဖြစ်သည့်အတွက် ယင်းဝါဒကို  လက်ကိုင်ပြု ဥပဒေပြင်ပ လုပ်ဆောင်မှုမှန်သမျှကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမျှ လက်ခံခွင့်လွှတ် နိုင်မည်မဟုတ်ပါကြောင်း၊  ထို့ကြောင့် CRPH, NUG, PDF  အဖွဲ့များသည် လူမဆန်သည့်   အကြမ်းဖက်အဖွဲ့များ ဖြစ်သည်ဟု       အတိအကျအခိုင်မာ ပြောလိုပါကြောင်း။  

 


အကြမ်းဖက်သမားများ၏ လုပ်ဆောင် မှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀  ရက်အထိ  တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှု၊ သေဆုံး/ ဒဏ်ရာရရှိမှု၊        သိမ်းဆည်းရရှိမှုနှင့် ဖမ်းဆီးရရှိမှုစာရင်းများမှာ         လမ်း/တံတားများဖျက်ဆီးခံရမှု ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်းများဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင် ကျောင်း၊ ပညာရေးအဆောက်အဦများ ဖျက်ဆီးခံရမှု ၅၀၄ ခု၊  ရဟန်းသံဃာ များ သေဆုံးမှု ၂၀၊ အစိုးရဝန်ထမ်းများ သေဆုံးမှု ၉၅ ဦး၊  အစိုးရဝန်ထမ်းများ ဒဏ်ရာရရှိမှု ၁၅၃ ဦး၊ တစ်နှစ်တာအတွင်း အကြမ်းဖက်မှု ၉၄၃၇ မှု၊ လက်နက်မျိုးစုံ သိမ်းဆည်းရရှိမှု ၅၆၀၆ ခု၊ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိမှု ၁၆၁၅၅၆ ခု၊ လက်ပစ် ဗုံးများသိမ်းဆည်းရရှိမှု ၁၈၉၀၊ လက်လုပ် မိုင်း/ ဗုံးများသိမ်းဆည်းရရှိမှု ၁၁၄၂၄ ခု၊ အကြမ်းဖက်သမားများ  ဖမ်းဆီးရရှိမှု ၄၃၃၈ ဦးဖြစ်ပါကြောင်း၊   CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များသည် ငါနှင့် မတူငါ့ရန်သူဟု သဘောထားသတ်မှတ် ပြီး အပြစ်မဲ့ပြည်သူများကို ဒလန်စွပ်စွဲ သတ်ဖြတ်နေကြပြီး   ဘုန်းတော်ကြီး ရဟန်းသံဃာများကိုပါ     ရက်ရက် စက်စက်        လုပ်ကြံသတ်ဖြတ်ပြပြီး ပြည်သူများကို  အကြောက်တရားနှင့်   ခြိမ်းခြောက်ကာ  တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို တရားဥပဒေမဲ့ကျူးလွန် ဖောက်ဖျက်နေသူများ   ဖြစ်သည်ဟု ဖြေကြားသည်။

 


ဆက်လက်၍   ဂျပန်သတင်းဌာန ဖြစ်သည့် Nikkei Asian News သတင်း ဌာန၏    လာမည့်ရွေးကောက်ပွဲကို မည်သည့်နေ့တွင် ကျင်းပမည်ကို သိလို ကြောင်း       မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံတော်တာဝန်ကို ခေတ္တ လွှဲပြောင်းယူခဲ့ခြင်း    ဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်ထဲမှ ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊     ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများ   လုပ်ဆောင် ပြီးပါက  ရွေးကောက်ပွဲအသစ် ပြန်လည် ပြုလုပ်၍    အနိုင်ရရှိသည့်ပါတီအား အာဏာ ပြန်လည်လွှဲပြောင်းပေးမည်ဟု ပါရှိပါကြောင်း၊  နိုင်ငံတစ်ဝန်းတည်ငြိမ် အေးချမ်းမှုရလာသည့်အပေါ် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၉ အရ အထွေထွေရွေးကောက်ပွဲကို ကျင်းပ ပေးသွားမည်ဖြစ်ပါကြောင်း၊ အထွေထွေ ရွေးကောက်ပွဲ   ကျင်းပပြီးသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားပြီး ယခုလက်ရှိ နိုင်ငံတာဝန် ကို ထမ်းဆောင်နေသည့် အဆင့်ဆင့် သော  အာဏာပိုင်အဖွဲ့အစည်းများက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၀ အရ ဖွဲ့စည်းသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်း များ ဖွဲ့စည်းပြီးသည်အထိ   မိမိတို့၏ လုပ်ငန်းတာဝန်များကို   ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊  သက်ဆိုင်ရာဌာနများမှ   တာဝန်ရှိသူ များကလည်း (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ  ကဏ္ဍအလိုက် မိမိတို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း တာဝန်များကို  စနစ်တကျ လွှဲပြောင်း ပေးသွားမည် ဖြစ်ပါကြောင်း။ 

 


လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတော် ကို  နိုင်ငံရေးအရ  အရေးပေါ်ကာလ နောက်ထပ် ၆ လ   တိုးမြှင့်သွားမည် ဖြစ်ပါကြောင်း၊  အဆိုပါကာလအတွင်း  နိုင်ငံတော်     တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေးနှင့်  ငြိမ်းချမ်းရေး ကိစ္စများကို အထူးဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ဆောင်ရွက်မှသာ ပြည်သူများ၏ လိုလား ချက်ဖြစ်သည့် “စစ်မှန်ပြီး   စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိ လာမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 


ယင်းနောက်       တပ်မတော်သည် မြန်မာနိုင်ငံ၏           ငြိမ်းချမ်းရေးကို လက်တွေ့ကျစွာ ပြန် လည်တည်ဆောက် နိုင်နေပြီလား  မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေး လုပ်ငန်းများကို အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို  ထိရောက်စွာ ဆွေးနွေး  ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်၏    ငြိမ်းချမ်းရေးဆွေးနွေး မှုကော်မတီကို ယခင်က အဖွဲ့ဝင်   ၄ ဦး ဖြင့် ဖွဲ့စည်းထားရာမှ အဖွဲ့ဝင် ၇ ဦးအထိ တိုးချဲ့ဖွဲ့စည်းပေးခဲ့သည်ကို   တွေ့မြင် ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းသည်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို      အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် အလွန် အရေးကြီးကြောင်း တပ်မတော်အနေဖြင့် ခံယူထားမှုကို   ပြသလိုက်ခြင်းဖြစ်ပါ ကြောင်း။ 

 


ထိုကဲ့သို့ ခံယူထားသည့်အတွက် ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီ ၆ ရက်တွင် ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာ ချက်အမှတ်  ၁/ ၂၀၂၂  ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ပါကြောင်း၊  ထိုသို့ဖိတ်ခေါ် သည့်  ကြေညာချက်ကိုကြည့်လျှင် တပ်မတော်သည် ယခင်ဖိတ်ခေါ်ဆောင် ရွက်မှုများနှင့်မတူဘဲ   ဆွေးနွေးရမည့် အကြောင်းအရာများကို     ကြိုတင် ကန့်သတ်ချက်မထားဘဲ တတ်နိုင်သရွေ့  လွတ်လပ်စွာ  ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ဖိတ်ခေါ်ထားသည်ကို  တွေ့ရ မည်ဖြစ်ပါကြောင်း။

 


ယင်းကြေညာချက်နှင့်အတူ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့   EAO များ ကို  စိန်ရတုပြည်ထောင်စုနေ့  အခမ်း အနားသို့ တက်ရောက်ရန် လေးစားစွာ ဖိတ်ခေါ်ခဲ့သည်ကိုလည်း   တွေ့ရမည် ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အထိ   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ခန့်   ထုတ်ပြန်ရပ်စဲပေးခဲ့သည်ကို ကြည့်လျှင် တပ်မတော်အနေဖြင့် ထာဝရ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလား ပြီး ငြိမ်းချမ်းရေးရရှိရန် လက်တွေ့ကျစွာ ဆောင်ရွက်နေသည်ကို   တွေ့ရှိရမည် ဖြစ်ပါကြောင်း။

 


ထို့ပြင် ကျန်းမာရေးထက်   အရေး ကြီးသည့်   အရာမရှိဟုခံယူထားသည့် အတွက် EAO များကို ကိုဗစ်-၁၉ ရောဂါ မကူးစက်စေရန်အတွက်  ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို        ဦးစားပေး အလေးထား  စီစဉ်ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ထိုအရာများကို ခြုံငုံကြည့်မည် ဆိုလျှင် တပ်မတော်သည် တစ်နိုင်ငံလုံး ထာဝရ   ငြိမ်းချမ်းရေးရရှိရေးအတွက် NCA  သဘောတူညီချက်များနှင့်အညီ ဖြစ်နိုင်သမျှ       လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊   တစ်နည်း အားဖြင့် တစ်နိုင်ငံလုံးရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး သည် တပ်မတော်၏ အပြင်းပြဆုံးဆန္ဒ ဖြစ်သည်ဟု ပြောနိုင်ပါကြောင်း၊ ထို့ပြင် ၂၀၂၂ခုနှစ်တွင် ငြိမ်းချမ်းရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်း များကို   အားသွန်ခွန်စိုက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။ 

 

ယင်းနောက် မြန်မာနိုင်ငံ၏ ဒေသ တွင်း စီးပွားရေးမိတ်ဖက်အစီအစဉ်များ ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကာလ အတွင်း  နိုင်ငံခြားကုမ္ပဏီများမှာ ၎င်း တို့၏နိုင်ငံများကို ပြန်သွားကြကြောင်း၊ မြန်မာနိုင်ငံမှ   ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များသည်  ပြီးခဲ့ သည့် ၂၀၂၁ ခုနှစ် မေလမှစ၍ ပြန်ဝင် လာခဲ့ကြသည်မှာ     ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Business visa ထောက်ခံ ဆောင်ရွက်ပေးပြီး Relief Flight များ ဆောင်ရွက်ပေးခဲ့သည့်   ကုမ္ပဏီပေါင်း ၃၂၀၀ ကျော်ရှိပြီး နိုင်ငံခြားသားအရေ အတွက်အားဖြင့် ၉၀၁၀  ရှိပါကြောင်း၊ ပြည်ပနိုင်ငံကြီးများ၏   ဖိအားပေးမှု ကြောင့် ထွက်ခွာသွားသည့် ကုမ္ပဏီကြီး များရှိသကဲ့သို့    အသစ်ဝင်လာသည့် ကုမ္ပဏီများလည်း ရှိပါကြောင်း။

 


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂၂ ခုနှစ် ဇန်နဝါရီ   ၃၁  ရက်အထိ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု စုစုပေါင်း အမေရိကန်ဒေါ်လာ  ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ပါကြောင်း၊ ယင်းတို့အနက်     လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ    အမေရိကန် ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈  သန်းဖြင့် ပထမ၊   အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ     အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅၆၄  သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားပါ ကြောင်း။

 


နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု (By Country)ကို ကြည့်လျှင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၃၁  ရက်အထိ  နိုင်ငံပေါင်း ၁၄ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ   အမေရိကန်ဒေါ်လာ  ၃၈၂၃ ဒသမ ၀၁၅ သန်း ဝင်ရောက်ခဲ့ပါကြောင်း၊ ယင်းတို့အနက် ယူနိုက်တက်ကင်းဒမ်း နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၅၀၄ ဒသမ ၄၃၅ သန်း ဖြင့် ပထမ၊ ဂျပန်နိုင်ငံမှ  ရင်းနှီးမြှုပ်နှံ မှုပမာဏ အမေရိကန်ဒေါ်လာ  ၅၁၆ ဒသမ ၄၂၉ သန်းဖြင့် ဒုတိယ၊ စင်ကာပူ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ   အမေ ရိကန်ဒေါ်လာ ၄၄၂ ဒသမ ၂၀၂ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားပါ ကြောင်း။

 


လက်ရှိအခြေအနေတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေ သည်ကို   ပြန်တက်လာရန်အတွက် ရင်းနှီးမြှုပ်နှံသူများ  လက်ရှိကြုံတွေ့ နေရသည့် အခွန်အခများကို ဖြေရှင်း ပေးနိုင်ရန် ကူညီဆောင်ရွက်ပေးလျက် ရှိပြီး  ရင်းနှီးမြှုပ်နှံသူများ    ဘဏ်မှ လွယ်ကူလျင်မြန်စွာ ငွေထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံ သူများ   ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ရေးအတွက်  လိုအပ်သော ထောက်ခံချက်များ   ဆောင်ရွက်ပေး ခြင်းတို့ကို လုပ်ဆောင်ပေးနေသကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ၏  အခက်အခဲကို ပိုမိုထိုရောက်စွာ ဖြေရှင်းပေးနိုင်ရန်တွက် DICA Online Solution – DOSo စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာခင် အများပြည်သူ များ လွယ်ကူလျင်မြန်စွာ  အသုံးပြုနိုင် တော့မည်ဖြစ်ပါကြောင်း၊    ထို့အပြင် ရင်းနှီးမြှုပ်နှံမှု        ခွင့်ပြုမိန့်ပေးသည့် လုပ်ငန်းစဉ်များကို   ရိုးရှင်းလွယ်ကူစေ ရန်နှင့်    အချိန်ကုန်သက်သာစေရန် အတွက်   ဒစ်ဂျစ်တယ်နည်းလမ်းပေါ်သို့ ခေါ်ဆောင်သွားသည့်   Investment Monitoring Software Phase 1 ကို ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

 


ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစေရေးအတွက် Investor Targeting Campaign ကို စီစဉ်ဆောင်ရွက်နေပါကြောင်း၊  အစီ အစဉ်အရ  တရုတ်နိုင်ငံနှင့်  ရုရှားနိုင်ငံ အပါအဝင် အခြား       မိမိတို့မိတ်ဆွေ သင့်လျော်သည့်နိုင်ငံများနှင့်    ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို    ဆွဲဆောင် စည်းရုံးသွားမည်ဖြစ်ပါကြောင်း။

 


မြန်မာနိုင်ငံတွင်    နိုင်ငံတကာက ကုမ္ပဏီများ ပြန်လည်ဝင်ရောက်ရင်းနှီးမြှုပ်နှံလာရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင် ရွက်လျက်ရှိပါကြောင်း၊ အဓိကအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသည့် အာမခံချက်နှင့် စီးပွားရေးအကျိုးရလဒ် များအတွက်   နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အညီ အကာအကွယ်ပေးထားပါ ကြောင်း၊ ယခုဆိုလျှင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် Myan-mar  Economic  Recovery  Plan (MERP) ကို   စည်းကမ်းစနစ်တကျဖြင့် 
ရေးဆွဲထားပြီး     အမြန်ဆုံးအကောင် အထည်ဖော်လျက်ရှိပါကြောင်း၊  ထိုစီမံ ချက်တွင်  လုပ်ငန်းအစီအစဉ်   ၁၀ ခု၊ မျှော်မှန်းချက် ၃၀၊ ရလဒ် ၁၆၅  ခုနှင့် လုပ်ငန်းစဉ်ပေါင်း ၄၃၀  ပါဝင်ပါကြောင်း၊ စီမံချက်သည်  ကာလတို၊   ကာလလတ် စီမံချက်ဖြစ်သော်လည်း အချို့လုပ်ငန်း စဉ်များကို     ကာလရှည်ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းစီမံ ချက်ထဲတွင် နိုင်ငံတကာမှ  ရင်းနှီးမြှုပ်နှံ လိုသူများအတွက်   နံပါတ်တစ်   အာမခံ ချက်၊ နံပါတ်နှစ် နိုင်ငံတကာမှ စီးပွားရေး စံသတ်မှတ်ချက်၊  နံပါတ်သုံး  လုံခြုံရေး၊ နံပါတ်လေး  လိုအပ်လာပါက     အခြား သော ဖြေလျှော့မှုများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ မှ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ပြင်ပ ကမ္ဘာမှ  မဟုတ်မမှန်   လုပ်ကြံချဲ့ကား သတင်းများကို မယုံကြည်ကြဘဲ စိတ်ချ လက်ချ ရဲရဲတင်းတင်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြပါရန် အလေး အနက် ဖိတ်ခေါ်လိုပါကြောင်း ဖြေကြား သည်။ 

 


ထို့နောက် ဂျပန်သတင်းဌာန Kyo-do  News  ၏   ICJ  ကြားနာမှုနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏  စွပ်စွဲမှု များကို မည်သို့ ချေပကိုင်တွယ်သွားမည် လဲ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက  မြန်မာနိုင်ငံကို   ဂမ်ဘီယာ နိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ ၁၉၄၈ ခုနှစ်၊ လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့်  ပြစ်ဒဏ်ပေးရန်   နိုင်ငံ တကာသဘောတူစာချုပ် (Convention on the Prevention and Punishment of Crime of Genocide) ကို   ကျူးလွန် ဖောက်ဖျက်သည်ဟု     စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်၊  နိုဝင်ဘာ  ၁၁ ရက်တွင် တရားစွဲဆိုခဲ့ပါကြောင်း၊   ဂမ်ဘီယာ နိုင်ငံက     တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ တရားရုံးတွင် စီရင်ခွင့်မရှိ ကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း၊    ကနဦး ကန့်ကွက်လွှာကို     မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် တင်သွင်း ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံက တင်သွင်း ခဲ့သော      ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာ လန်နိုင်ငံ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈  ရက်အထိ ပြုလုပ်လျက်ရှိပါကြောင်း၊    အဆိုပါ ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာ ပွဲတွင် မြန်မာနိုင်ငံ၏   ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုကို   ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ရာ  မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ  ပူးတွဲကိုယ်စား လှယ် (Alternate Agent) ဖြစ်သူ ဥပဒေ ရေးရာဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီးနှင့်  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့        ပါဝင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်းပြောကြား ခဲ့ပါကြောင်း၊ ထို့နောက်  မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတကာရှေ့နေများက မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့်  ကနဦး ကန့်ကွက်ချက်များနှင့်   ပတ်သက်၍ တရားရုံးသို့   တင်ပြလျှောက်လဲခဲ့ကြပါ ကြောင်း။

 


မြန်မာနိုင်ငံအနေဖြင့်       ဒုတိယ အကြိမ်       နှုတ်ဖြင့်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ   ၂၈ ရက် တွင်လည်းကောင်း ပြုလုပ်သွားကြမည် ဖြစ်ကြောင်း ဖြေကြားသည်။

 


ဆက်လက်၍   ဂျပန်သတင်းဌာန Asahi Shinbon ၏ NUG သည် ရိုဟင် ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုမည်ဖြစ်ကြောင်း ကြေညာထားသည် ကိုသိရှိရကြောင်း၊         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သဘောထားမှာ ရိုဟင်ဂျာများ  နိုင်ငံသားအဖြစ် အသိ အမှတ်ပြုရေးကိစ္စတွင် မည်သို့ရှိသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်   စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက      လူဝင်မှု ကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား ဝန်ကြီးဌာန၏    မှတ်တမ်းများအရ လည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ် ရေးမရမီ   အင်္ဂလိပ်အစိုးရလက်ထက် ကောက်ယူသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများစာရင်းတွင် လည်းကောင်း၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ် လူဦးရေသန်းခေါင်စာရင်း များတွင်လည်းကောင်း၊  လွတ်လပ်ရေး ရပြီး ကောက်ယူသည့်  ၁၉၅၃-၁၉၅၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (ပထမအဆင့်)၊ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းနှင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတို့တွင် လည်းကောင်း ရိုဟင်ဂျာဟူသည့်  အမည်ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် သန်းခေါင်စာရင်းတွင်   ပါဝင်ခဲ့ခြင်းမရှိ သည့်အပြင် ဗြိတိသျှခေတ်  (Gazette) များ၌လည်း ပါဝင်ခဲ့ခြင်းမရှိခဲ့ကြောင်း။

 


တစ်ဖက်နိုင်ငံမှ     မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူ ဘင်္ဂါလီလူမျိုး များသည် ၎င်းတို့မှာ ဘင်္ဂါလီလူမျိုးများ မဟုတ်ကြောင်း ရိုဟင်ဂျာလူမျိုးအဖြစ် သာ အသိအမှတ်ပြုရန် အတင်းအကျပ် တောင်းဆိုနေခြင်း    ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်      ပြည်သူ့ အင်အားဝန်ကြီးဌာနသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ   တိုင်းရင်း သားများအား  မွေးရာပါနိုင်ငံသားများ အဖြစ်လည်းကောင်း၊    တိုင်းရင်းသား မဟုတ်သူများအား ဥပဒေအရ နိုင်ငံသား အဖြစ် လည်းကောင်း၊ လူမျိုး၊ ဘာသာ၊ ယောကျ်ား၊ မိန်းမမရွေး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဥပဒေအရ နိုင်ငံသား အဖြစ်      နိုင်ငံသားလျှောက်ထားသူ များအနက်     မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများသည်  နိုင်ငံ သားစိစစ်ခံရမည့်သူ၏    သက်သေခံ လက်မှတ်  (NV Card) ကို ထုတ်ပေးလျက် ရှိပြီး (NV Card)  ကိုင်ဆောင်ထားသူ များသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူအဖြစ်     အဆုံး အဖြတ်ခံ လျှောက်ထားခွင့်ရှိပါကြောင်း၊ NV Card အား    မြန်မာနိုင်ငံအတွင်း တရားဝင်နေထိုင်လျက်ရှိကြပြီး မည်သည့် အထောက်အထား      တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်းမရှိသူ    တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊  ဘင်္ဂါလီ၊ ဂေါ်ရခါး၊ ကိုးကန့်၊ ခိုလုံလီရှောနှင့် မုန်းဝန်းလူမျိုး တို့အား     ထုတ်ပေးထားပါကြောင်း ဖြေကြားသည်။ 

 


ယင်းနောက် NUG သည် အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ဖြေရှင်းခွင့်ပေး ရန်  တောင်းဆိုခဲ့ကြောင်း၊   ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီ အစိုးရကိုယ်စားပြုအဖွဲ့များက    ICJ ကြားနာပွဲသို့  တက်ရောက်နေသည်ကို သိရှိရကြောင်း၊  ယင်းသို့ ကုလသမဂ္ဂ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ICJ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ ကိုယ်စားလှယ်များ တက်ရောက်ခြင်းက နိုင်ငံတကာအသိုင်းအဝိုင်း     အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား မြန်မာနိုင်ငံ၏   တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာ    ရောက်ပါသလား မေးခွန်းနှင့်စပ်လျဉ်း၍   ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏   လက်ရှိ အခြေအနေများကို   လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်သည့်  အစိုးရဟု သတ်မှတ်ယုံကြည်မှုရှိ၍သာ  ယခုကိစ္စ ကို  နိုင်ငံတကာတရားရုံး (ICJ)  တွင်  လာရောက်ဖြေရှင်းရန်   ဖိတ်ခေါ်ခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် မြန်မာနိုင်ငံ၏ တရား ဝင်အစိုးရဖြစ်သည်ဆိုခြင်းကို   ယုံမှား သံသယဖြစ်စရာအကြောင်း လုံးဝ(လုံးဝ) မရှိပါကြောင်း ဖြေကြားသည်။  

သတင်းစဉ်