ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန်    စက်တင်ဘာ   ၈


ပြန်ကြားရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ် ရေးနှင့်    ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံသို့    ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ပြောင်းလဲဆောင်ရွက်


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးသည်    ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူ များနှင့်  တွေ့ဆုံပြီး  အမှာစကား ပြောကြားရာတွင် ဗဟိုပုံနှိပ်စက် သည်             ယခင်ကတည်းက နိုင်ငံတော်၏ သမိုင်းဝင်မှတ်တမ်း များ၊ စာအုပ်စာတမ်းများကို ပုံနှိပ် ထုတ်ဝေခဲ့သည်ဟု        သိရပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ပုံနှိပ်မီဒီယာကို အင်မတန်အလေး ထား အားပေးပါကြောင်း၊ မိမိတို့ ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူအပေါ်  သစ္စာရှိရှိ  တာဝန် သိသိနှင့်  ပုံနှိပ်မီဒီယာမှတစ်ဆင့် ပြည်သူများအား    အတွေးမှန်၊ အသိမှန်များပေးနိုင်ရန် အရေးကြီး ပါကြောင်း၊ လူငယ်များကို ပုံနှိပ် မီဒီယာဖြင့်ဆွဲဆောင်၍  အနာဂတ်   ဒီမိုကရေစီလမ်းကြောင်းပေါ်သွား ရာတွင်      မှန်ကန်သော   အတွေး အခေါ်၊  မှန်ကန်သော  အသိများ     ပေးစေလိုကြောင်း၊    လာမည့် ကာလများတွင်     ပုံနှိပ်မီဒီယာ လုပ်ငန်းများကို သမားရိုးကျဆောင် ရွက်မနေဘဲ  ခေတ်နှင့် လျော်ညီ သည့်        ပုံနှိပ်မီဒီယာဖြစ်အောင် ပြောင်းလဲဆောင်ရွက်သွားကြရန်      အရေးကြီးပါကြောင်း၊ ထို့ကြောင့်  မိမိတို့    ဝန်ထမ်းများကလည်း    ပုံနှိပ်မီဒီယာလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်    ဝိုင်းဝန်း ပူးပေါင်း    ဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက်     ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန      ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က   စက်ရုံသမိုင်းနှင့်   လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးသည် ဗဟိုပုံနှိပ်စက်ရုံ CTP ခန်း၊   Heidelberg  စက်ခန်းတွင် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေ မှု၊  ရွက်ထိုးစက်  စက်ကြံ့ခိုင်ရေး ဆောင်ရွက်နေမှုနှင့် စာအုပ်ချုပ် ခန်းတို့ကို       လှည့်လည်ကြည့်ရှု စစ်ဆေးသည်။        

သတင်းစဉ်