ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်၊အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   ဒီဇင်ဘာ  ၂ဝ


နိုင်ငံတော်အစိုးရ၏      ယန္တရား ကောင်းမွန်စွာ     လည်ပတ်နိုင်ရေး အတွက်   ကျရာကဏ္ဍမှ   တာဝန် သိစိတ်ဖြင့်   ဆောင်ရွက်ကြသော ဝန်ထမ်းများအား  မိသားစုသဖွယ် အသိအမှတ်      ပြုသောအားဖြင့် ပြန်ကြားရေး           ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီး ရုံးဝန်ထမ်းများ    နေ့လယ်စာ စားပွဲကို         ယနေ့နံနက်ပိုင်း တွင်   နေပြည်တော်ရှိ     ဝန်ကြီး ဌာန     စုပေါင်းခန်းမ၌    ကျင်းပ သည်။

 


ဆက်လက်ဆောင်ရွက်


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား ပြောကြား ရာတွင်   ဝန်ထမ်းများအနေဖြင့် မိမိတို့၏     လုပ်ငန်းတာဝန်များ ကို ပျော်ပျော်ရွှင်ရွှင် တက်တက် ကြွကြွ   အလေးထားဆောင်ရွက် နေကြသည့်အတွက် အသိအမှတ် ပြုပါကြောင်း၊       လုပ်ငန်းများ ဆောင်ရွက်ရာတွင်     တစ်ဦးနှင့် တစ်ဦး၊     အထက်နှင့်အောက် အပြန်အလှန်         တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့်   ပူးပေါင်း ညှိနှိုင်း    ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊    ဝန်ထမ်း များအနေဖြင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း  စည်းလုံးညီညွတ်စွာ၊ အေးအတူပူအမျှ     ပျော်ရွင်စွာ၊ တာဝန်ကျေပွန်စွာ၊         ရင်းနှီး ခင်မင်စွာ ဆက်လက်ဆောင် ရွက်သွားကြစေလိုပါကြောင်း   ပြောကြားသည်။

 


ထောက်ပံ့ပေးအပ်


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်      ဒုတိယဝန်ကြီး ဦးရဲတင့်တို့က   ဝန်ထမ်းများအား အခြေခံ   စားသောက်ကုန်များ ဖြစ်သည့်  စားသုံးဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို ထောက်ပံ့ ပေးအပ်ပြီး  ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို          အတူတကွ သုံးဆောင်ခဲ့ကြသည်။ 


သတင်းစဉ်