ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌  ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက်  ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်း များအား မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် ကျင်းပပြုလုပ် သည့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ဂုဏ်ပြုနေ့လယ်စာစားပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။

 


အသိအမှတ်ပြု အလေးထား


နေ့လယ်စာစားပွဲတွင်   ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ထမ်းများသည် မိမိတို့ဝန်ကြီးဌာန၏  ရည်မှန်းချက်တာဝန်များ အောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်း ဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်း၊ ယခုအချိန်၌  ပေးအပ်သည့်  တာဝန်များကို  ရဲဘော်ရဲဘက်စိတ် အပြည့်ထားရှိပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ တာဝန်ကျေပွန်မှု၊ လုပ်ငန်း များအား  စည်းကမ်းရှိရှိ၊  ပျော်ပျော်ရွှင်ရွှင်၊ သစ္စာရှိရှိ စိတ်ဝင်တစား လုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါကြောင်း ပြော ကြားသည်။

 


နေ့လယ်စာ သုံးဆောင်


ထို့နောက်  ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း၊  ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများသည်  ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အမှုထမ်း၊ အရာထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။  

သတင်းစဉ်