ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်ရှိ နိုင်ငံပိုင်သတင်းစာတိုက်များနှင့် နေပြည်တော်ပုံနှိပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဩဂုတ်  ၁၂


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတိုက်နှင့်   နေပြည်တော်ပုံနှိပ်စက်ရုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။     

    

ပြည်ထောင်စုဝန်ကြီး     ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီ တွင် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း  ဘိုးဝဇီရခန်းမသို့ ရောက်ရှိကြပြီး သတင်းစာတိုက် များမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


ထို့နောက် ပုံနှိပ်စက်ခန်းများနှင့် သတင်းခန်းများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန   နေပြည်တော် ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။

 


ဆက်လက်၍ နေပြည်တော်ပုံနှိပ်စက်ရုံအတွင်း  အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထား သည့်ကာလဖြစ်သော်လည်း ကျောင်းသုံးပုံနှိပ်စာအုပ် များ အချိန်မီပြီးစီးရေးအတွက် ကိုဗစ် -၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပုံနှိပ်စက်များ   ကြံ့ခိုင်ရေးဆောင် ရွက်နေမှုတို့ကို   လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်စက်များ  စွမ်းအား ပြည့်လည်ပတ်နိုင်ရေးအတွက် စက်များမွမ်းမံပြင်ဆင် ရေး၊ မီးဘေးလုံခြုံရေးအတွက် ဂရုပြုဆောင်ရွက်ရေး တို့ကို မှာကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

 


နိုင်ငံပိုင်သတင်းစာတိုက်များနှင့် နေပြည်တော် ပုံနှိပ်စက်ရုံတို့မှ  ဝန်ထမ်းများနှင့်    တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူ များအကြား အပြန်အလှန် ပေါင်းကူးဆက်သွယ်ခြင်း သာမက ပြည်ပနိုင်ငံများကပါ မိမိတို့၏ သတင်းမှန်၊ အခြေအနေမှန်များကို သိရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါ    အိမ်စောင့် အစိုးရအဖွဲ့ ဖွဲ့စည်းပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့် ဦးတည်ချက် (၉) ရပ်တို့ကို မူဝါဒအဖြစ် ကြိုးပမ်း အကောင်အထည်ဖော်    ဆောင်ရွက်နေမှုများအား ပြည်တွင်းပြည်ပ သိရှိအောင် သတင်းမှန်ပြန်ကြား ခြင်းကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဆောင် ရွက်ကြရန်ဖြစ်ကြောင်း၊   နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ပုံနှိပ်မီဒီယာအပါအဝင် မီဒီယာ၏ အခန်း ကဏ္ဍကို အထူးအလေးထားပါကြောင်း၊ ပြောင်းလဲ တိုးတက်လာသော နည်းပညာများဖြင့် မီဒီယာကဏ္ဍ ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကာ ပြည်သူ များ၏ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို  ပိုမို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး ဆိုင်ရာလုပ်ငန်းစဉ်များတွင်လည်း ပညာပေးဆိုင်ရာ ကိစ္စရပ်များကို   နိုင်ငံပိုင်မီဒီယာများတွင်သာမက မြို့နယ်တိုင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုံးများက ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုကို  အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင် သွားရန် လိုအပ်ကြောင်း။

 


ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဖတ်ရှုသင့်သည့်စာအုပ်ကောင်းများကို မပြတ်ထုတ်ဝေသွားရန် လိုအပ်ကြောင်း၊  လူငယ် ကဏ္ဍကို ဦးစားပေးပြီး လူငယ်လူရွယ်များ   ဖတ်ရှု သင့်သည့်စာအုပ်ကောင်းများကိုလည်း  ဦးစားပေး ရွေးချယ်ထုတ်ဝေစေလိုကြောင်း၊          နိုင်ငံသား တစ်ယောက်၏တာဝန်ကို  သိရှိစေရန်  စာပေဖြင့် အသိပညာပေးရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီ သည့်စာအုပ်ကောင်းများ ထုတ်ဝေနိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန်လိုကြောင်း၊   လုပ်ငန်းခွင်တွင် လည်း  ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာလုပ်ဆောင်သွားရန်  လိုအပ် ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ 


သတင်းစဉ်