
နေပြည်တော် ဧပြီ ၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများအားလုံး ၂၀၂၄ ခုနှစ် မြန်မာ့ ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲ နိုင်ရေးအတွက် နေပြည်တော်လမ်းလျှောက် သင်္ကြန်ကို ပျဉ်းမနား - တောင်ညိုလမ်းမ ပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအထိ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်သည်။
ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေး
နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် လမ်းလျှောက်သင်္ကြန် ဧရိယာအတွင်း ဝန်ထမ်းများ၊ မိသားစုများ နှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန်အတွက် ဝန်ကြီးဌာနများ အလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ် များနှင့် တိုင်းရင်းသားရိုးရာ ရေကစား မဏ္ဍပ်များ တည်ဆောက်နေမှု၊ မဏ္ဍပ် များအလိုက် စတုဒိသာကျွေးမွေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား သင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာန သင်္ကြန်နှင့် လူငယ်သင်္ကြန်တို့တွင် ခေတ်မီ အဆင့်အတန်းရှိစွာ လည်ပတ်အပန်းဖြေ နိုင်ရန် အဆင်သင့်ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ပြီး လမ်းလျှောက်သင်္ကြန် ကျင်းပမည့် ဧရိယာအတွင်း မီးဘေးအန္တရာယ် မဖြစ် ပေါ်စေရေးနှင့် ရေပြတ်တောက်မှု မရှိစေ ရေးကိုလည်း စီမံဆောင်ရွက်ထားရမည် ဖြစ်သကဲ့သို့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကိုလည်း အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်လိုအပ် ကြောင်း၊ ဖွဲ့စည်းပေးထားသည့် ကော်မတီ အသီးသီးအနေဖြင့်လည်း မိမိတို့ ဆောင် ရွက်ရမည့် လုပ်ငန်းများအလိုက် အချိန်မီ ပြီးစီးစေရေး ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း မှာကြားသည်။
K – POP အဆိုရှင်များက ပါဝင်သီဆိုဖျော်ဖြေသွားမည်
ယခုနှစ် နေပြည်တော်လမ်းလျှောက် သင်္ကြန်၌ ဝန်ထမ်းများနှင့် ပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်ကြီးကို ခမ်းနားစွာ တည်ဆောက်နေပြီး ပြည်တွင်း မှ နိုင်ငံကျော်အနုပညာရှင်များစွာနှင့် ကိုရီးယားနိုင်ငံမှ K – POP အဆိုရှင်များ က ပါဝင်သီဆိုဖျော်ဖြေသွားမည်ဖြစ်ကာ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့်
ဉာဏသိဒ္ဓိမိသားစု မဟာသင်္ကြန်ရေကစား မဏ္ဍပ်ကြီးကို တည်ဆောက်၍ လာရောက် လည်ပတ်ကြသည့် ပြည်သူများအား ဖျော်ဖြေရေးအစီအစဉ်များအပြင် စတု ဒိသာ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံမှ လူငယ်အနုပညာရှင် အဖွဲ့များက သီဆိုဖျော်ဖြေသွားမည်
ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်း၌ ရုရှား - မြန်မာချစ်ကြည် ရေးအသင်းမဏ္ဍပ်ကိုလည်း တည်ဆောက် လျက်ရှိပြီး ပြည်သူများ ပျော်ရွှင်စွာ ရေပက်ဖျန်း ပျော်ရွှင်နိုင်စေရန် ရေပန်း ပိုက် ၄၀ ကျော် တပ်ဆင်ဆောင်ရွက်လျက် ရှိကာ အမြင့် ၆ ပေ၊ အလျား ပေ ၄၀ နှင့် အနံ ပေ ၂၀ ရှိ ဖျော်ဖြေရေးစင်မြင့် ဆောက်လုပ်လျက်ရှိကြောင်း ၊ အဆိုပါ စင်မြင့်၌ ရုရှားနိုင်ငံမှ လူငယ်အနုပညာရှင် အဖွဲ့များက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ တရုတ် - မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးမဏ္ဍပ်ကို နိုင်ငံတကာ အဆင့်မီ ရေကစားမဏ္ဍပ်အဖြစ် တည် ဆောက်လျက်ရှိပြီး စတုဒိသာအစီအစဉ် များလည်း ပါဝင်ကြောင်း သိရသည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ရေကစားမဏ္ဍပ်ပေါင်း ၂၆ ခု တည်ဆောက် လျက်ရှိပြီး တိုင်းရင်းသားသင်္ကြန်၊ စတု ဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန်ဟူ၍ ပြည်သူများ ပျော်ရွှင် စွာ ရေပက်ဖျန်းလည်ပတ်နိုင်စေရန် အထူးအစီအစဉ်ကောင်းများဖြင့် ဆောင် ရွက်ထားရှိသည်။ ထို့ပြင် ပြည်သူများ နိုင်ငံတကာအဆင့် ခေတ်မီအဆင့်အတန်း ရှိစွာ လမ်းလျှောက်သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် Zone-1 နှင့် Zone- 2 ဟူ၍ ခွဲခြားထားရှိကာ Zone-1 ၌ တိုင်းရင်းသား စတုဒိသာသင်္ကြန်ဟူ၍ စီစဉ်ထားရှိပြီး လာရောက်လည်ပတ်ကြ သူများအား Zone -1 Main Entrance အဝင်တွင် စတုဒိသာ အကျွေးအမွေးများ ဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား တို့၏ ယဉ်ကျေးမှုများကို အခြေခံ၍ တိုင်းရင်းသားသင်္ကြန် ဖန်တီးရေကစားနိုင် ရန် စီစဉ်ဆောင်ရွက်ထားရှိမည့်အပြင် တိုင်းရင်းသားကိုယ်စားပြု Photo Booth များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ လမ်းလျှောက်သင်္ကြန် Zone – 2 ၌ လူငယ်များနှင့် ကလေးငယ် များအတွက် လူငယ်သင်္ကြန်ဟူ၍ စီစဉ် ဆောင်ရွက်ထားရှိပြီး မိသားစုများ၊ ကလေးငယ်များ၊ လူငယ်များအတွက် နိုင်ငံတကာအဆင့်မီ ရေလွှာလျှောများ၊ Foam Party များ၊ inflatable ကစား စရာ ရေကန်များ/ရေလွှာလျှောများဖြင့် ပြင်ဆင်ထည့်သွင်း ဆောင်ရွက်လျက်ရှိ ကာ လူငယ်များ နှစ်သက်ပျော်ရွှင်ဖွယ်ရာ ဖြစ်စေရန်အတွက်လည်း DJ Perfor-mance များဖြင့် ကပြဖျော်ဖြေ၍ နေပြည် တော်လမ်းလျှောက်သင်္ကြန်ပွဲတော်ကြီး အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်