ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော် တပ်ကုန်းမြို့ရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ  ၁၆


ပြန်ကြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းသည် ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော် တပ်ကုန်း မြို့ရှိ    မြန်မာ့အသံနှင့်   ရုပ်မြင် သံကြားသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး    ဝန်ထမ်းများအား ရင်းရင်းနှီးနှီး     တွေ့ဆုံနှုတ်ဆက် အားပေးသည်။ 

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးသည်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ      Conference Room    ၌    ရုပ်သံလိုင်းများမှ  သတင်းဖတ်ကြားသူများ၊ သတင်း အယ်ဒီတာများနှင့် တွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက    မီဒီယာကဏ္ဍသည် အလွန်အရေးပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက် ရာတွင်   အရေးကြီးပါကြောင်း၊  ခေတ်နှင့်လျော်ညီသော၊     နုပျို သစ်လွင်သော  စိတ်ဝင်စားဖွယ် အစီအစဉ်ကောင်းများ     စီစဉ် ထုတ်လွှင့်နိုင်ရေးအတွက် MRTV News Channel ကို တိုးချဲ့စမ်းသပ် ထုတ်လွှင့်ပေးလျက်   ရှိကြောင်း၊ နုပျိုသစ်လွင်သည့် တင်ဆက်မှု များကို အများပြည်သူဝန်ဆောင် မှု မီဒီယာပုံစံဖြင့် ပြည်သူ့အတွက် ဦးစားပေး  ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူများ ၏   အခန်းကဏ္ဍသည်   လွန်စွာ အရေးကြီးသည့်အတွက် ပြည်သူ များ အသိမှန်၊ အမြင်မှန်၊ အတွေး မှန်စေရန် မီဒီယာနည်းလမ်းများ ဖြင့်     ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊     နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားရေး၊   ဌာန၏ ဂုဏ်သိက္ခာမြင့်မားရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် မီဒီယာနည်းလမ်းများ ဖြင့်     အတတ်နိုင်ဆုံး    ကြိုးပမ်း ဆောင်ရွက်သွားရမည်       ဖြစ် ကြောင်း ပြောကြားသည်။ 

 


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးက  ဝန်ထမ်းများအတွက်  ဂုဏ်ပြုဆုများ    ပေးအပ်ချီးမြှင့် ရာ   ညွှန်ကြားရေးမှူး  (ရုပ်မြင်) ဒေါ်မိုးသူဇာအောင်က လက်ခံရယူ သည်။ 
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် တည်ဆောက်ပြီးစီးမှု အခြေအနေ ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက     လိုက်လံ ရှင်းလင်းပြသကြပြီး   ပြည်ထောင်စု ဝန်ကြီးက     လိုအပ်သည်များ မှာကြားခဲ့သည်။

 

သတင်းစဉ်