ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (နေပြည်တော်) တွင်  ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်ပြီး လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   အောက်တိုဘာ   ၂၇


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီး လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ        ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံ  နှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး  စားရိပ်သာတွင် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး          နှုတ်ဆက်ကာ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။

 


ထို့နောက်        Conference Room   တွင်     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က MRTV ၏ MRTV-HD ၊   MRTV-News ၊    MRTV Farmers နှင့် MRTV Sports ရုပ်သံ လိုင်းများ၌ သတင်းဖတ်ကြားသူ  ၁၄  ဦး   ဖြည့်စွက်ခန့်အပ်နိုင်ရန် ရွေးချယ်လျာထားမှု အခြေအနေ ကို    ရှင်းလင်းတင်ပြပြီး      ယင်း ဝန်ထမ်းများ၏ သတင်းကြေညာ မှုပုံစံ ကြိုတင်ရိုက်ကူးထားသော  Video Clip များကို ပြသသည်။

 

 

ဂုဏ်ယူကြစေလို


ထိုသို့ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ​ဆွေး​နွေး မှာကြားရာ၌     နိုင်ငံပိုင်မီဒီယာ ဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏  ရုပ်သံလိုင်းအသီးသီး တွင်       သတင်းတင်ဆက်သည့် အရေးပါသော လုပ်ငန်းတာဝန်များ  ထမ်းဆောင်ရခြင်းအပေါ် ဂုဏ်ယူ ကြစေလိုပါကြောင်း၊ ရုပ်သံထုတ်  လွှင့်ရသည့် လုပ်ငန်းစဉ်နှင့် ကဏ္ဍ  များစွာအနက် ရှေ့ထွက်ပြရသည့်  နေရာတွင်    တာဝန်ထမ်းဆောင် ရခြင်းဖြစ်၍     အမှားအယွင်းမရှိ အောင် အမြဲတမ်းသတိထားပြီး ယုံကြည်မှုရှိအောင် လေ့ကျင့်နေ ရန်လည်း      လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများကလည်း သတင်း တင်ဆက်သူများ၏  အသံထွက်  မှန်ကန်မှု၊ ဝတ်ဆင်ထုံးဖွဲ့ပြင်ဆင် မှုနှင့်      ကိုယ်နေဟန်ထားတို့ကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေး ပြီး ပြင်ဆင်တည့်မတ်ပေးကြရန်ဖြစ်ကြောင်းမှာကြားကာ     ယင်း ဝန်ထမ်းများအား   ဂုဏ်ပြုဆုငွေ ချီးမြှင့်သည်။

 


ယင်းနောက်  MRTV-News Channel   အတွက် ယခုနှစ်ဘဏ္ဍာ ငွေ ခွင့်ပြုချက်ဖြင့် တည်ဆောက် လျက်ရှိသော News Studio သို့ ရောက်ရှိရာ တင်ဒါအောင်မြင်ထား သော     Elevate      Broadcast Myanmar Co.,Ltd နှင့် Arr Thit Man Technology Co.,Ltd တို့မှ တာဝန်ရှိသူများက     လုပ်ငန်း ဆောင်ရွက်မှု     အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ်      ပြည် ထောင်စုဝန်ကြီးက  အရည်အသွေး ပြည့်မီစွာဖြင့်     အချိန်မီပြီးစီး အောင်    ဆောင်ရွက်ရန်   မှာကြားသည်။

 


စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်


MRTV  News  Channel  ကို နိုင်ငံတော်           စီမံအုပ်ချုပ်ရေး ကောင်စီ၏ တစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့က နိုင်ငံ​တော် စီမံအုပ်ချုပ်​ရေး​ကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်   တက် ရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး High Definition (HD) အရည် အသွေးနှင့်  ဆန်းသစ်မှုများဖြင့်  တင်ဆက်ခြင်းကို   အရန်သတင်း ခန်း   Studio  ၌  ဆောင်ရွက်နေ ခြင်းဖြစ်သည်။  ယခုအခါဘဏ္ဍာ ငွေခွင့်ပြုချက်ဖြင့် Studio အသစ် ကို       တည်ဆောက်နေပြီဖြစ်၍ ယင်းလုပ်ငန်းပြီးစီးပါက Studio အသစ်သို့   ပြောင်းရွှေ့ပြီး  ရုပ်သံ ရိုက်ကူးထုတ်လွှင့်ခြင်း  လုပ်ငန်း စဉ်ဆက်မပြတ် ဆက်လက်ဆောင် ရွက်နိုင်မည်ဖြစ်သည်။

 


ဂုဏ်ပြုဆုငွေချီးမြှင့်


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် Auditorium  သို့  ရောက်ရှိပြီး  နေပြည်တော်ရှိ ဌာနကြီးများတွင်     လှည့်လည် ဖျော်ဖြေရန်    စုဖွဲ့ပြင်ဆင်လျက် ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ             ဝန်ထမ်းများ၏ ခေတ်ပေါ်တီးဝိုင်းနှင့်   ဝတ်စုံပြည့် ဇာတ်တိုက် လေ့ကျင့်မှုကို ကြည့်ရှု အားပေးပြီး       ယင်းအဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်သည်။

 


ဆက်လက်၍    မြန်မာ့အသံ နှင့်  ရုပ်မြင်သံကြားမှ  ဝန်ထမ်း များ  အားလုံးအတွက် ငွေကျပ် သိန်း ၂၀ ကို ဆုမဲ ၁၀ ခု ခွဲဝေပြီး ကံစမ်းမဲဖောက်ရာ မဲပေါက်သည့်  ဝန်ထမ်း   ၁၀    ဦးအား   ပြည် ထောင်စုဝန်ကြီးက ပေးအပ်ချီးမြှင့် သည်။ ထို့နောက် ဝန်ထမ်းများအား  ရင်းရင်းနှီးနှီး            နှုတ်ဆက်ကာ လုပ်ငန်းတာဝန်များကို ရွှင်လန်း  တက်ကြွစွာဖြင့် ထမ်းဆောင်ရေး  မှာကြားသည်။

 


ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း         အတွင်းရှိ ဘောလုံးကွင်းသို့ သွားရောက်ပြီး (၇၅)    နှစ်မြောက်       စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  နိုင်ငံတော်     ဝန်ကြီးချုပ်ဖလား၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲတွင်      ဝင်ရောက် ယှဉ်ပြိုင်ရန်          စုဖွဲ့လေ့ကျင့်ပြီး လူရွေးချယ်မှု      ဆောင်ရွက်နေ သည့်  “ ပြန်ကြားရေးဝန်ကြီးဌာန ဘောလုံးအသင်း”   ကို     ကြည့်ရှု အားပေးကာ  စိတ်ဓာတ်ကောင်း မွန်စွာဖြင့်     သန့်ရှင်းစွာယှဉ်ပြိုင် ကြရန်မှာကြားပြီး     အားကစား သမားများအတွက် အားဖြည့်အချို ရည်နှင့်   ကြက်ဥများ   ပေးအပ်ခဲ့ သည်။ 

သတင်းစဉ်