ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာအမျိုးသားလေကြောင်း (MNA) (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်အားပေး

 

ရန်ကုန်    စက်တင်ဘာ     ၂၀


ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန    မြန်မာအမျိုးသား လေကြောင်း(Myanmar National Airliens-MNA)၏  (၇၅)နှစ်မြောက်  စိန်ရတုနှစ်ပတ်လည်နေ့   ဂုဏ်ပြုညစာစားပွဲကို   ယနေ့  ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel Yangon ၌ ကျင်းပသည်။


အဆိုပါ    ဂုဏ်ပြုညစာစားပွဲ သို့     ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမောင် မောင်အုန်း၊   ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ အမျိုးသားလေကြောင်းမှ  အရာ  ထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိ သူများ၊     ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။ ရှေးဦးစွာ LED Ani-mation ဖြင့် ဂုဏ်ပြုညစာစားပွဲ အား ဖွင့်လှစ်ပြီး မြန်မာအမျိုးသား လေကြောင်း၊ Chief Executive Officer  က        နှုတ်ခွန်းဆက် ပြောကြားသည်။


ထို့နောက် မြန်မာအမျိုးသား လေကြောင်း  Chief  Operating Officer က Airline Operation နှင့်   ပတ်သက်၍   လည်းကောင်း၊ မြန်မာအမျိုးသား    လေကြောင်း Chief Commercial Officer က  Agent Award   ရွေးချယ်မှုနှင့် စီးပွားရေးဆိုင်ရာ အချက်အလက် များနှင့်   ပတ်သက်၍   လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။ 


ထူးချွန်ဆုများချီးမြှင့် 


ယင်းနောက် မြန်မာအမျိုးသား လေကြောင်း   (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အမှတ် တရ    ဂုဏ်ပြုဗီဒီယိုအား   LED Screen ဖြင့် ပြသပြီး ၂၀၂၃ ခုနှစ် အတွက် ရောင်းအားအကောင်းဆုံး ကိုယ်စားလှယ်များအား   ဂုဏ်ပြု အမှတ်တရဆုများ ချီးမြှင့်ခြင်းနှင့် ၂၀၂၃ ခုနှစ်အတွက် ဌာနအလိုက် ဝန်ထမ်းထူးချွန်ဆုများ    ချီးမြှင့် ပေးအပ်သည်။     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး    ဦးမောင် မောင်အုန်းနှင့် မြန်မာအမျိုးသား လေကြောင်း       စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များက  မြန်မာ အမျိုးသားလေကြောင်း (၇၅) နှစ် မြောက်     စိန်ရတုနှစ်ပတ်လည် နေ့     ဂုဏ်ပြုဆုမွန်စကားများ ပြောကြားကြသည်။


ပျံသန်းပြေးဆွဲနိုင်ခဲ့


ထို့နောက် မြန်မာအမျိုးသား လေကြောင်း    (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်း အမှတ်   ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။     မြန်မာ အမျိုးသား     လေကြောင်းလိုင်း သည်   ၁၉၄၈ ခုနှစ်တွင်  စတင် တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ ၏     တစ်ခုတည်းသော   နိုင်ငံပိုင် ပြည်တွင်း    လေကြောင်းလိုင်း ဖြစ်ကြောင်း၊    မြန်မာအမျိုးသား လေကြောင်းလိုင်း        အနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသောဒေသ များနှင့်  အခြားပုဂ္ဂလိကလေကြောင်း လိုင်းများ မပြေးဆွဲသည့်နေရာများ သို့    လည်းကောင်း၊   ၂၀၁၅ ခုနှစ် အစောပိုင်းမှစ၍          စင်ကာပူ၊ ဘန်ကောက်၊   ချင်းမိုင်၊    ဖူးခက်၊ တရုတ် (ဟောင်ကောင်)၊   ချန်ဒူး၊ ဂါယာမြို့တို့နှင့် ချိတ်ဆက်ပြီး နိုင်ငံ တကာ   ခရီးစဉ်များကို    လည်း ကောင်း  ပျံသန်းပြေးဆွဲလျက်ရှိ ရာ ယခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က  စိန်ရတုပြည့်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ လ ၁၉ ရက်နေ့တွင် ဒေသတွင်း နိုင်ငံများသို့ လေကြောင်းကုန်စည် ပို့ဆောင်ရေးခရီးစဉ်အဖြစ် ထိုင်း နိုင်ငံ   ဘန်ကောက်မြို့သို့   စတင် ပျံသန်း      ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။                 

သတင်းစဉ်