ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက ကျင်းပသည့် ချစ်ကြည်ရေး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

 

ရန်ကုန် နေပြည်တော် ၁၆


ပြန်ကြားရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင် မောင်အုန်းသည် ယနေ့ညနေပိုင်း တွင်  မြန်မာ-တရုတ်  ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်းက ကျင်းပ သည့် မြန်မာ-တရုတ်ချစ်ကြည် ရေး   ဂုဏ်ပြုညစာစားပွဲသို့  တက် ရောက်၍   နှုတ်ခွန်းဆက်စကား ပြောကြားသည်။


အဆိုပါ   ဂုဏ်ပြုညစာစားပွဲ သို့      ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်   ဝန်ကြီး များ၊   မြန်မာနိုင်ငံဆိုင်ရာ  တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူး ကြီး  Mrs. Qiao Li ၊   တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ မစ္စတာ  ရွှီးကျန့် ဂေါ်နှင့် ချစ်ကြည်ရေးအဖွဲ့ဝင်များ၊ မြန်မာ-တရုတ်      ချစ်ကြည်ရေး အသင်း(ဗဟို)ဥက္ကဋ္ဌနှင့်  မြန်မာ-တရုတ်    ပူးပေါင်းဆက်ဆံရေး အသင်းနာယက   ဦးတင်ဦးနှင့် တာဝန်ရှိသူများ   တက်ရောက်ကြသည်။


ဂုဏ်ပြုညစာ    စားပွဲတွင် ပြည်ထောင်စုဝန်ကြီးက  မြန်မာ-တရုတ်ဆက်ဆံရေးသည်   ရှေး မြန်မာဘုရင်များ  လက်ထက်က ပင်   ရွှေလမ်းငွေလမ်းခင်းကာ နှစ်ပြည်ထောင်     ချစ်ကြည်ရေး ကို   တည်ဆောက်ခဲ့ကြပါကြောင်း၊  ပြီးခဲ့သည့်     ၂၀၂၃    ခုနှစ် ဇန်နဝါရီလက     ရန်ကုန်မြို့၌   ကျင်းပခဲ့သည့် တရုတ်နှစ်သစ်ကူး နေ့တွင်   နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ပြီး နှစ်သစ် ဆုမွန်ကောင်းစကား  ပြောကြား ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ပြောကြား ရာတွင်     “မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့  သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးများ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများ   အတွက် မျက်နှာနှစ်ဖက်  ဆက်ဆံရေးမျိုး မရှိသည့်  ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သလို တရုတ်နိုင်ငံသည်လည်း  မြန်မာ နိုင်ငံအတွက်       အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံ   တစ်နိုင်ငံဖြစ်ရုံ သာမက   ဘက်စုံမဟာဗျူဟာ မြောက်  ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည်” ဟု  ပြောကြားခဲ့ပါကြောင်း၊   မိမိ အနေဖြင့် မြန်မာ-တရုတ် ဆွေမျိုး ပေါက်ဖော်     သံယောဇဉ်ကို ဆက်လက်   လက်ဆင့်ကမ်းပြီး မြန်မာ-တရုတ် အေးအတူ-ပူအမျှ အသိုက်အဝန်း  တည်ဆောက်ကာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုခိုင်မြဲ အောင်         တည်ဆောက်လိုပါ ကြောင်း။


နှစ်နိုင်ငံ  ချစ်ကြည်ရင်းနှီးမှု များမှတစ်ဆင့်  ရရှိလာမည့်အကျိုး ကျေးဇူးများကို နှစ်နိုင်ငံ  ပြည်သူ များအတွက်  မျှဝေခံစားစေလိုပါ ကြောင်း၊   ယခု   ညစာစားပွဲကို တက်ရောက်လာသည့် ဧည့်သည် တော်   မစ္စတာ   ရွှီးကျန့်ဂေါ်က ၂၀၂၃ ခုနှစ်တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး များအတွက်      ကွန်ပျူတာနှင့် ပရင်တာများကို  လှူဒါန်းပေးခဲ့ သည့်အတွက် လွန်စွာကျေးဇူးတင် ပါကြောင်း၊    ထိုကွန်ပျူတာနှင့် ပရင်တာများကို      ခရိုင်အဆင့် ပြည်သူ့  စာကြည့်တိုက်များတွင် ထားရှိကာ        စာကြည့်တိုက် ဝန်ဆောင်မှု    လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါကြောင်း။


ယခုအခါ  မသမာသူအဖျက် သမားများက    မြန်မာ-တရုတ် ချစ်ကြည်ရေး   ပျက်ပြားအောင် သတင်းမှားများ  ထုတ်လွှင့်ကာ ကြိုးပမ်း       ဆောင်ရွက်နေပါ ကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့ အတူတကွ  ချစ်ကြည်ရင်းနှီးစွာ အနာဂတ်ကောင်းများကို   တည် ဆောက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက်  ဂုဏ်ပြုညစာစားပွဲ သို့   တက်ရောက်လာသူများက  နှုတ်ခွန်းဆက်     စကားများပြော ကြားပြီး  အမှတ်တရလက်ဆောင် များ ပေးအပ်ကြသည်။


ယနေ့        နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံ           ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ   မစ္စတာ   ရွှီးကျန့်ဂေါ်သည် ဗဟန်းမြို့နယ်ရှိ    ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု       ဗဟိုဌာန အဆောက်အအုံသို့  ရောက်ရှိ၍    လုပ်ငန်းဆောင်ရွက်နေမှု   အခြေ အနေများကို  ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက  လူထု အခြေပြု ဗဟိုဌာနမှ ဆောင်ရွက် ပေးလျက်ရှိသော   ပြည်သူများ  အသိပညာ   မြင့်မားရေးလုပ်ငန်း များ၊   ပြည်သူ့စာကြည့်တိုက် ဖွင့်လှစ်      ဆောင်ရွက်မှုများကို   ရှင်းလင်းပြောကြားပြီး ဧည့်သည် တော်   မစ္စတာ  ရွှီးကျန့်ဂေါ်က       လူထုအခြေပြု        ဗဟိုဌာန   အဆောက်အအုံအတွင်း  အမှတ် တရသစ်ပင် စိုက်ပျိုးပေးခဲ့သည်။


သတင်းစဉ်