ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စစ်တွေမြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက် ရုံးဌာနများ ကြည့်ရှုစစ်ဆေး

 

စစ်တွေ    ဇွန်   ၁၅


ပြန်ကြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး   ဦးမောင်မောင် အုန်းသည်  ယနေ့  နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီး ခဲ့သည့် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် နှင့်  စစ်တွေခရိုင်    ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး၊   မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား    ထပ်ဆင့်လွှင့်စက်ရုံနှင့်   ကိုယ်ပွားသတင်းစာတိုက်  (စစ် တွေ)တို့၏   ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကို  ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ    ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြည်နယ် နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူ များနှင့်  တွေ့ဆုံပြီး   ဝန်ထမ်းများ အတွက်      ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား     ထပ်ဆင့်လွှင့် စက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ပျက်စီးဆုံးရှုံး မှုများနှင့်    ရုပ်သံထုတ်လွှင့်နေ မှုများကို    ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးကာ     ဝန်ထမ်းများ အတွက်    ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ဆက်လက်၍  အဆိုပါ စက်ရုံ ဝင်းအတွင်းရှိ  မီတာ  ၁၀၀    Self Supporting Tower   ကျိုးကျ ပျက်စီးမှု၊  မီတာ   ၃၀    Guyed Tower  အသစ် တည်ဆောက်ပြီးစီး မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက် ကိုယ်ပွားသတင်း စာတိုက် (စစ်တွေ)သို့ ရောက်ရှိ ရာ တာဝန်ရှိသူများက လုပ်ငန်း များ ပုံမှန်ပြန်လည် လည်ပတ်နိုင် ရေး      ဆောင်ရွက်နေမှုများကို     ရှင်းလင်းတင်ပြကြသည်။

 


ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍   ပြည်ထောင်စုဝန်ကြီး က   လိုအပ်သည်များ   မှာကြားပြီး စက်ရုံအတွင်း    ကြည့်ရှုစစ်ဆေး ကာ (ဝဲပုံ) ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ဝန်ထမ်းများနှင့်    တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက    မိုခါ မုန်တိုင်း     တိုက်ခတ်ခံခဲ့ရသော် လည်း စစ်တွေမြို့ရှိ ပြန်ကြားရေး ဝန်ကြီးဌာနအောက် ဝန်ထမ်းများ သေဆုံးမှုမရှိဘဲ    ဌာနပိုင်ပစ္စည်း များ ပျက်စီးဆုံးရှုံးမှု အနည်းငယ် သာရှိသည့်အတွက်   အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း    ဆောင် ရွက်နေသည့်     သတင်းများကို   အချိန်နှင့်တစ်ပြေးညီ   ဆက်လက် ထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊     မိုခါ မုန်တိုင်းဒဏ်ကြောင့်      ပျက်စီးခဲ့ သည်များကို       အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး လူနှင့်  စက်ကိရိယာပစ္စည်းများ အမိုးအကာအောက်    အမြန်ဆုံး ရောက်ရှိနိုင်ရန်   စီမံဆောင်ရွက် သွားကြရမည်       ဖြစ်ကြောင်း၊   လုပ်ငန်းများ     အမြန်ဆုံး    ပုံမှန် လည်ပတ်နိုင်ရန်      ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း  ပြော ကြားသည်။


သတင်းစဉ်