ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊  ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သတင်းတု သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေး

 

မော်လမြိုင်  ဒီဇင်ဘာ  ၆


ပြန်ကြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်း သည်     ယနေ့နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီဂရီ ကော လိပ် ပညာညီလာခန်းမ၌ဆရာ ဆရာမများ၊  ကျောင်းသား ကျောင်း သူများ၊     ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍   သတင်းတု၊ သတင်းမှား   တိုက်ဖျက်ရေးကိစ္စ ရပ်များ ဆွေးနွေးပြောကြားသည်။ 


တွေ့ဆုံပွဲ       အခမ်းအနားသို့  ပြည်နယ်အစိုးရအဖွဲ့ဝင်      ဝန်ကြီး များ၊    ဌာနဆိုင်ရာ   တာဝန်ရှိသူ များ၊ ခရိုင်နှင့်  မြို့နယ်အုပ်ချုပ်ရေး မှူးများ၊      မော်လမြိုင်တက္ကသိုလ် နှင့်     ပညာရေးဒီဂရီကောလိပ်မှ  ဆရာ     ဆရာမ၊   ကျောင်းသား ကျောင်းသူများ၊      နည်းပညာ တက္ကသိုလ်မှ   ဆရာ ဆရာမများ နှင့်  ကျောင်းသား ကျောင်းသူများ ၊ စာပေယဉ်ကျေးမှုအဖွဲ့မှ  တိုင်းရင်း သားများ တက်ရောက်ကြသည်။


ဦးစွာ     မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်မှ    ကျောင်းသား ကျောင်းသူများက     သာစွဌာနေ    ရာမညမြေ တေးသီချင်းဖြင့် ကပြ ဖျော်ဖြေ၍  အခမ်းအနားဖွင့်လှစ် ပြီး    ရှေ့သို့ချီမည်    ပန်းတိုင်ဆီ၊  နိုင်ငံတော်   တည်ဆောက်ရေးနှင့်  နိုင်ငံတော်မီဒီယာ၏      အခန်း ကဏ္ဍ၊   တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်  စသည့်  video clip များကို ပြသသည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး က အမှာစကားပြောကြား ရာတွင်      ယနေ့အချိန်တွင်  မသမာသူ     အဖျက်သမားများက       မီဒီယာလုပ်ငန်းများကို   အသုံးချ ၍    သတင်းတု၊    သတင်းမှားများ  ထုတ်လွှင့်ကာ ပြည်သူများအား  အသိအမြင် လွဲမှားစေရန် သတင်း အဆိပ်ခတ်      ဆောင်ရွက်နေကြပါ ကြောင်း၊ မိမိတို့နိုင်ငံတွင်  ၁၉၈၈  ခုနှစ်၌     မင်းမဲ့စရိုက်ဆန်သည့်  လုပ်ဆောင်ခဲ့မှုများကြောင့်  မြန်မာ နိုင်ငံနှင့်   နိုင်ငံသားများ၏  ဂုဏ် သိက္ခာကျဆင်းကာ      ကမ္ဘာတွင်  အရှက်ရစေခဲ့ပါကြောင်း၊ ယခုအခါ အကြမ်းဖက်သမားများက  အပြစ် မဲ့ ပြည်သူများအား  အကြောင်းမဲ့     သတ်ဖြတ်ခြင်း၊  ဒုစရိုက်မှု အမျိုး မျိုးကို ကျူးလွန်ခြင်းများကို  တွေ့ မြင်နေကြရမည်ဖြစ်ကြောင်း။


တိုင်းဒေသကြီး၊   ပြည်နယ် များတွင်      နိုင်ငံတော်အစိုးရက  လမ်း၊   တံတား၊   အဆောက်အအုံ  စသည့်  အခြေခံအဆောက်အအုံ များကို တည်ဆောက်ပေးခဲ့သော် လည်း မိမိတို့ဒေသရှိ ပြည်သူများ ၏မျက်နှာကို    မထောက်ထားဘဲ  အကြောင်းမဲ့ ဖျက်ဆီးတိုက်ခိုက်မှု များသည်    လွန်စွာ   လွဲမှားသော  လုပ်ရပ်ပင်ဖြစ်ကြောင်း၊    အားလုံး ကို ခြုံကြည့်ပါက  အဖျက်လုပ်ရပ် များ လုပ်ဆောင်ရာတွင်  လွယ်ကူ သော်လည်း         ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ     လုပ် ဆောင်မည်ဆိုပါက      ငွေကြေး အရင်းအနှီးများရော  အချိန်ကာလ  များပါပေး၍ တည်ဆောက်ရမည် ဖြစ်သဖြင့်     ဒေသခံပြည်သူများ အတွက် လွန်စွာ နစ်နာနိုင်သည် ကို    သိမြင်ကြရန်   လိုပါကြောင်း၊  ထို့ကြောင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက်     ဒေသခံ ပြည်သူများက   ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်     စောင့်ရှောက်ပေးရန်  ဖြစ်ပါကြောင်း။


ယနေ့အချိန်တွင်       ရှမ်း ပြည်နယ်(မြောက်ပိုင်း)တွင်  ဖြစ်ပွား နေသော စစ်ပွဲများကို  အကြောင်း  ပြု၍  မသမာသူများက    တရုတ် နိုင်ငံနှင့်          မြန်မာနိုင်ငံတို့၏  ချစ်ကြည်ရင်းနှီးမှုကို         ထိခိုက်  ပျက်ပြားအောင်     သတင်းအမှား များ       ထုတ်လွှင့်သွေးခွဲနေကြပါ ကြောင်း၊ ထို့ကြောင့်  ပြန်ကြား ရေး       ဝန်ကြီးဌာနအနေဖြင့်  သတင်းတု၊ သတင်းမှားတိုက်ဖျက်  ရေးနှင့် ပြည်သူလူထုထံ  သတင်း မှန်များ   မှန်ကန်စွာ  စီးဆင်းရေး အတွက်       နည်းလမ်းပေါင်းစုံ ဖြင့်    ဆောင်ရွက်နေပါကြောင်း၊  ထို့နည်းတူ  စာပေ၊  ရုပ်ရှင်၊ သဘင်၊  ဂီတကဏ္ဍများ   ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက်     စီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊    မိမိတို့အနေ ဖြင့်  နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍတွင် မီဒီယာ၏အခန်းကဏ္ဍ ကို စနစ်တကျ စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အချို့သော  နိုင်ငံ ကြီးများသည်  မီဒီယာနည်းလမ်း  များကိုအသုံးချ၍      မိမိတို့နိုင်ငံ အား    ဘက်ပေါင်းစုံမှ       ဝေဖန် ပုတ်ခတ်တိုက်ခိုက်ကာ   နိုင်ငံ၏  ပုံရိပ်ကျဆင်းအောင်  ဆောင်ရွက် နေကြသည်ကို    အသိတရားဖြင့်  ရှုမြင်သုံးသပ်ပေးကြစေ လိုကြောင်း။


ယနေ့     တက်ရောက်လာကြ သည့်  ကျောင်းသား    ကျောင်းသူ များသည်   အနာဂတ်နိုင်ငံတော်၏  သားကောင်းများဖြစ်၍     မိမိတို့ တန်ဖိုးထားပါကြောင်း၊      နောင် တစ်ချိန်တွင် တိုင်းပြည်က  အားကိုး အားထားပြုရသည့်  ခေါင်းဆောင် များဖြစ်အောင်  ကြိုးစားကြပါဟု  အလေးထား        ပြောကြားလိုပါ ကြောင်း၊      မကြာသေးခင်က    အမေရိကန်   နိုင်ငံခြားရေးဝန်ကြီး ဌာနက    ထုတ်ပြန်သည့်  အကြမ်း ဖက်တိုက်ခိုက်မှု         အညွှန်းကိန်း အစီရင်ခံစာ၌      မြန်မာနိုင်ငံကို  အကြမ်းဖက် တိုက်ခိုက်မှု အများဆုံး     (၁၀)  နိုင်ငံစာရင်းတွင်  ထည့်သွင်း    ဖော်ပြထားသည့် အတွက် မြန်မာနိုင်ငံကို  ချစ်သည့် ပြည်သူများ၊ အကြမ်းဖက်မှု မလို လားသည့်    ပြည်သူများ၊     နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးကို လိုလားသည့် ပြည်သူများအနေဖြင့်     အကြမ်း ဖက်လုပ်ရပ်များကို     ဝိုင်းဝန်း ဆန့်ကျင်တိုက်ဖျက်ပေးကြပါဟု  ပြောကြားသည်။


ဆက်လက်၍     ပြည်ထောင်စု ဝန်ကြီးက     မွန်ပြည်နယ်အတွင်း ရှိ မြို့နယ်၊   ကျေးရွာများ အတွက်  DVB T 2 Set Top Box   အလုံး  ၆၀၀ ကို      ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူး ကြီး  ကျော်စွာမြင့်   အားလည်း ကောင်း၊ မွန်ပြည်နယ် တပ်နယ် မိသားစုများအတွက်  DVB  T2 Set  Top Box   အလုံး ၄၀၀  ကို  အရှေ့တောင်တိုင်း   စစ်ဌာနချုပ်  ဗိုလ်မှူးကြီး စိုးမိုးကျော် အား လည်း ကောင်း    ပေးအပ်လှူဒါန်းသည်။


မွန်လွဲပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးသည်     ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး    ဦးစီးဌာန   မော်လမြိုင် (ခရိုင်ရုံး)ကို    လည်း ကောင်း၊ ပြည်နယ်ပြန်ကြားရေး နှင့်  ပြည်သူ့ဆက်ဆံရေးဦးစီဌာန ရုံး၌        Community Centre  ဆောက်လုပ်မည့်     မြေနေရာကို  လည်းကောင်း၊    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (မော်လမြိုင်)   ကို  လည်းကောင်း၊  သတင်းနှင့်     စာနယ်ဇင်းလုပ်ငန်း  ကိုယ်ပွားသတင်းစာတိုက်  (မော်လ မြိုင်) ကို လည်းကောင်း   ကြည့်ရှု စစ်ဆေးပြီး    ဝန်ထမ်းများအား   ထောက်ပံ့ငွေများ  ပေးအပ်သည်။


ဆက်လက်၍     ပြည်ထောင်စု  ဝန်ကြီးသည်   ချောင်းဆုံမြို့နယ်  မုဒွန်းကျေးရွာရှိ   ကျောက်သင်ပုန်း နှင့်    အမှတ်တရပစ္စည်းလုပ်ငန်း အရောင်းဆိုင်ကို    လည်းကောင်း၊  ရွာလွန်ကျေးရွာရှိ     ဆေးတံနှင့်  သစ်သား ပန်းပုလုပ်ငန်းအရောင်း ဆိုင်များကို         လည်းကောင်း  လှည့်လည်ကြည့်ရှု         လေ့လာ၍  အသေးစား၊      အငယ်စားနှင့်  အလတ်စား      စက်မှုလုပ်ငန်း   (MSME)  များ  ပိုမိုဖွံ့ဖြိုးတိုးတက် စေရန် နိုင်ငံတော်အစိုးရက  ကူညီ ပံ့ပိုးဆောင်ရွက်နေမှု   အခြေအနေ များကို     ရှင်းလင်းပြောကြားခဲ့ ကြောင်း  သိရသည်။ 

သတင်းစဉ်