ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ရှင်သန်ရပ်တည်နိုင်ရေး  အထောက်အကူပြု Application မိတ်ဆက်ရှင်းလင်းတင်ပြသည့် အစည်းအဝေး တက်ရောက်

 

 

နေပြည်တော်   ဇူလိုင်   ၁၃


ကိုဗစ်-၁၉   အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ရှင်သန်ရပ်တည် နိုင်ရေး     အထောက်အကူပြု Application မိတ်ဆက်ရှင်းလင်း တင်ပြသည့်     Skylark   ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နီလာအစည်းအဝေး   ခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ    ထုတ်ပြန်ထားရှိ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ    ညွှန်ကြား ချက်များနှင့်အညီ     Social Distancing   စနစ်ဖြင့်    ကျင်းပ သည်။
အစည်းအဝေးတွင်      ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက      အနာဂတ်    ခရီးသွား လုပ်ငန်းတွင်      ကိုဗစ်-၁၉    ကပ် ရောဂါ အခြေအနေကြောင့် ပုံမှန် သွားလာခြင်းမျိုးမှ New Normal ပုံစံဖြင့် သွားလာရမည်ဖြစ်ကြောင်း၊  New Normal ပုံစံနှင့် ပတ်သက်ပြီး အကျိုးရှိရှိ      အသုံးပြုနိုင်မည့် Application တစ်ခုဖြစ်ပေါ်စေရေး အတွက် အဓိကထား ဆွေးနွေးပေး စေလိုကြောင်း၊ အဆိုပါ Appli-cation အား   ကိုဗစ်-၁၉ ကာလ အတွင်း ပြည်သူများနှင့် ခရီးသွား ဧည့်သည်များအားလုံး အကျိုးရှိ စေရန်နှင့် ရေရှည်တွင် ခရီးသွား လုပ်ငန်း         အထောက်အကူ ဖြစ်စေရန်     ရည်ရွယ်ပါကြောင်း၊ ကိုဗစ်- ၁၉ အလွန်ကာလများတွင် ခရီးသွားလုပ်ငန်း     ပြန်လည် ရှင်သန်ရပ်တည်နိုင်ရေး     နည်း ပညာပိုင်းနှင့်  ပတ်သက်၍ ထိထိ ရောက်ရောက်  အကျိုးပြုနိုင်မည့် နည်းလမ်းများကို ဆွေးနွေးပေးစေ လိုကြောင်း ပြောကြားသည်။ 
ယင်းနောက် Skylark ကုမ္ပဏီ မှ    မန်နေဂျင်းဒါရိုက်တာ   ဦးမင်း မြတ်စိုးမိုးက ကုမ္ပဏီအနေဖြင့် ကိုဗစ်-၁၉   ဒုတိယလှိုင်းကာလ အတွင်း    အင်းလျားစင်တာနှင့် မော်လမြိုင်ရှိ QuarantineCenter တို့တွင်     Quarantine     Center Management System၊ Certi-ficate Management System များ အခမဲ့ ကူညီပံ့ပိုးဆောင်ရွက် ပေးခဲ့မှု၊ Tourism Portal/ App အသုံးပြု လုပ်ငန်းစဉ် အဆင့်ဆင့်၊ Mobile   App   ၏    အခြေခံ လုပ်ဆောင်ချက်၊ လိုအပ်ချက်များ နှင့် Application အသုံးပြုသူ များအတွက် အကျိုးကျေးဇူးရရှိမှု အခြေအနေများအား  ဆွေးနွေး တင်ပြသည်။
ထို့နောက်     အစည်းအဝေး သို့          တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များက App- lication   အသုံးပြုခြင်းအားဖြင့် ခရီးသည်များ၏ လုပ်ငန်းဆောင် ရွက်ချက်များ     နှစ်ဖက်နှစ်လမ်း အကျိုးရှိစေရေးအတွက် စဉ်းစား ဆောင်ရွက်ရန် အခြေအနေများကို တင်ပြဆွေးနွေးပြီး    ဌာနဆိုင်ရာ တာဝန်ရှိသူများက Application နှင့် ပတ်သက်၍ သိရှိလိုသည်များ ကို အပြန်အလှန် မေးမြန်းဆွေးနွေး သည်။
ကြီးကြပ်ဆောင်ရွက်
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးက ယင်း Application ကို အသုံးပြုခြင်းအားဖြင့် ခရီးသွား ဧည့်သည်များ၏ အချက်အလက် များ၊   ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံထားရှိမှု၊ ခရီးသွားလာမှုမှတ် တမ်းများနှင့် ကိုဗစ်-၁၉ သတင်း အချက်အလက်များကို နောက်ဆုံး အခြေအနေထိ သိရှိနိုင်ပြီး ဝန်ကြီး ဌာနအနေဖြင့် ခရီးသွားဧည့်သည် များ ဝင်ရောက်မှုများကို ကြီးကြပ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။        သတင်းစဉ်