
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကျဲ့ကျန်းပြည်နယ်၊ ဝူကျွန်းမြို့တွင် ကျင်းပသည့် “မြို့ပြနှင့်ကျေးလက်
သာယာဝပြောရေးအတွက် ဒစ်ဂျစ်တယ်စွမ်းအားမြှင့်တင်မှုနှင့် ၂၀၂၃ ခုနှစ် ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်တင်ခြင်းနှင့်
ဘုံသာယာဝပြောရေး သရုပ်ပြဇုန်ဆောက်လုပ်ရေးပြပွဲလှုပ်ရှားမှု အစီအစဉ်” သို့ ပါဝင်တက်ရောက်
ဝူကျန်း နိုဝင်ဘာ ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ဝူကျွန်းမြို့ ဒင်ရှန်းခန်းမ ယွန်ကျုံးဧည့်စင်တာတွင် ကျင်းပသည့် ဒစ်ဂျစ်တယ်အထောက်အကူပြု သရုပ်ပြဧရိယာ တည်ဆောက်ရေး ပြပွဲဆိုင်ရာလှုပ်ရှားမှုအစီအစဉ်သို့ ယနေ့တွင် ပါဝင်တက်ရောက် သည်။
အဆိုပါ အခမ်းအနားသည် ကျဲ့ကျန်းပြည်နယ်၏ “ကျေးလက် မြို့ပြအတူတကွ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဒစ်ဂျစ်တယ်အထောက် အကူပြု” အစီအစဉ်အောက်တွင် အခြေခံပြီး ကျဲ့ကျန်းပြည်နယ်၏ ကျေးလက်ဒေသ ဒစ်ဂျစ်တယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တည် ဆောက်မှုကို မြှင့်တင်ခြင်းနှင့် ကျေးလက်မြို့ပြ ဒစ်ဂျစ်တယ် ကဏ္ဍအတူတကွ ဖွံ့ဖြိုးတိုးတက် ရေးကို တည်ဆောက်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရှိရသည်။
အခမ်းအနားသို့ အာရှ - အာဖရိကနှင့် အီးယူနိုင်ငံများမှ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ဥက္ကဋ္ဌနှင့် အကြီးအကဲများ၊ အဆင့်မြင့် တာဝန်ရှိသူများနှင့် ကျဲ့ကျန်းပြည်နယ်မှ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူများ၊ တရုတ် နိုင်ငံမှ နည်းပညာဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့ပြနှင့် ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ်နည်းပညာ မြှင့်တင် ရေးလုပ်ငန်းများ၊ ကျေးလက်ဒေသ များတွင် ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ပေါင်းစပ်ဆောင်ရွက်ရေး၊ 5G အနာဂတ်၊ ဒစ်ဂျစ်တယ်လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်မြှင့်တင်ရေး ကိစ္စများ၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အချင်းချင်း အားဖြည့်ဆောင်ရွက် ကူညီပေးရေးကိစ္စများကို ဆွေးနွေး ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဒင်ရှန်းခန်းမ ယွန်ကျုံးဧည့်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အင်တာနက် မြို့ ပြပွဲအခမ်းအနားသို့ တက် ရောက်သည်။
အဆိုပါ အခမ်းအနား သည် ဝူကျွန်းအပြည်ပြည်ဆိုင်ရာ အင်တာနက်မြို့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် တုန်ရှန်းဒစ်ဂျစ်တယ် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကြေညာစာတမ်းအညွှန်း ကိန်းကို ထုတ်ပြန်ကြေညာသည့် အခမ်းအနားတစ်ခုဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် အနာဂတ်တွင် 5G+ နည်းပညာမြို့တော်အဖြစ် တည်ဆောက်ရေး၊ AI နည်းပညာ ကို အသုံးပြု၍ Smart City မြို့တော်တည်ဆောက်ရေး၊ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဂေဟ စနစ်အခန်းကဏ္ဍများတွင် ဒစ်ဂျစ် တယ်ယဉ်ကျေးမှုအသုံးပြုမှု ပိုမို တိုးတက်စေရေး၊ အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံး ပြု၍ Smart City ဖြစ်အောင် တည်ဆောက်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေး တင်ပြသွားကြောင်း သိရှိရ သည်။
သတင်းစဉ်