ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂီတအနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး

 

ရန်ကုန်    ဇွန်   ၁

ပြန်ကြားရေး                ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမောင် မောင်အုန်းသည် ယနေ့နံနက်ပိုင်း က   ရန်ကုန်မြို့   တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အစည်း အဝေးခန်းမ၌   ဂီတလောကဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဂီတအလွှာ ပေါင်းစုံမှ           တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့     ရန်ကုန်တိုင်း ဒေသကြီး   လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊      ပြန်ကြားရေး ဝန်ကြီးဌာနမှ  ဌာနဆိုင်ရာ အကြီး အကဲများ၊       မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ   ဦးကြည်စိုး ထွန်း၊   မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို) ယာယီအမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်   ဂီတ အလွှာပေါင်းစုံမှ ဂီတအနုပညာရှင် များ တက်ရောက်ကြသည်။
ဝိုင်းဝန်းအကြံပြု ဆွေးနွေး
ဦးစွာ     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက    ယနေ့ ဆွေးနွေးပွဲသို့             ဂီတအလွှာ အသီးသီးမှ     အနုပညာရှင်များ စုံညီစွာ  တက်ရောက်လာကြသည့် အတွက်   ဝမ်းသာပီတိဖြစ်ရပါ ကြောင်း၊   ဂီတလောက    ဖွံ့ဖြိုး တိုးတက်ရေးအတွက်    အနာဂတ် ကာလတွင်    ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်   ဝိုင်းဝန်းအကြံ ပြု        ဆွေးနွေးပေးကြစေလိုပါ ကြောင်း၊ ပါတီနိုင်ငံရေးပတ်သက် မှုများကြောင့်  အနုပညာလောကြီး တစ်ခုလုံး  ယုတ်လျော့ပြီး   ပြိုကျ လုနီးပါးဖြစ်ခဲ့ပါကြောင်း၊    အနု ပညာရှင်များသည်   ပြည်သူများ ပျော်ရွှင်စေရန်၊  ငိုနေသောပြည်သူ များ ပြုံးပျော်လာစေရန်၊ တစ်နည်း အားဖြင့်   အနုပညာရှင်များသည် ပြည်သူ့အတွက် ဖျော်ဖြေပေးချိန် ရောက်ရှိနေပြီဟု   မြင်ပါကြောင်း၊ မြန်မာနိုင်ငံ    ဂီတအစည်းအရုံး ပြန်လည်ဖွဲ့စည်းရာတွင်     ဂီတ အလွှာပေါင်းစုံမှ အနုပညာရှင်များ ပါဝင်စေလိုသည့်အပြင်  လူငယ် ပိုင်းအတွက်  ကိုယ်စားပြုသူများ လည်း   ပါဝင်စေလိုပါကြောင်းနှင့် အများအကျိုးအတွက် ဆောင်ရွက် နိုင်သူများ            ပါဝင်ကြစေလိုပါ ကြောင်း။
ဂီတအနုပညာရှင်များ၏ ရပိုင် ခွင့်များ      ရရှိရေးအတွက်လည်း မူပိုင်ခွင့်ဥပဒေနှင့်အညီ   အကောင် အထည်ဖော်  ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ   ညှိနှိုင်းပေါင်းစပ် ခြင်းဖြင့်      ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဇွန် ၂၇  ရက်တွင်   ရောက်ရှိမည့် မြန်မာ့ဂီတနေ့   အထိမ်းအမှတ် အဖြစ်      ရန်ကုန်မြို့    အမျိုးသား ကဇာတ်ရုံ၌      ဖျော်ဖြေတင်ဆက်ရန် စီစဉ်မှုတွင်  ပြည်သူတစ်ရပ်လုံးမှ မျှော်လင့်နေချိန်ဖြစ်၍    သင့်တော် ကောင်းမွန်ပါကြောင်း၊     အဆိုပါ ဖျော်ဖြေတင်ဆက်မှုတွင်   ဂီတ အလွှာပေါင်းစုံမှ  ဂီတပညာရှင်များ အားလုံး    ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း၊ နိုင်ငံတော်ဘက်မှလည်း    လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးမည်      ဖြစ်ပါ ကြောင်း။
ရှေ့ပြေး ဆောင်ရွက်ချက်တစ်ခု       ဖြစ်လာမည်ဟုမြင်
ဂီတဖျော်ဖြေပွဲကို  ခမ်းခမ်း နားနား သပ်သပ်ရပ်ရပ်ဆောင်ရွက် ခြင်းဖြင့်  ဂီတအကယ်ဒမီဆုပေးပွဲ အခမ်းအနားများအတွက် ရှေ့ပြေး  ဆောင်ရွက်ချက်တစ်ခု       ဖြစ်လာ မည်ဟုမြင်ပါကြောင်း၊           ဂီတ အကယ်ဒမီဆု         ချီးမြှင့်နိုင်ရေး ဆုအမျိုးစားနှင့်   အရေအတွက် ဆုချီးမြှင့်ရွေးချယ်အဖွဲ့ ဆုရွေးချယ် နိုင်ရန်       စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို   အသေး စိတ်ကြိုတင်   ညှိနှိုင်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊     ဂီတ လောကသားများ၏  သဘောထား မှတ်ချက်များ စုစည်းပြီး ပထမဆုံး  ကျင်းပမည့်      အခမ်းအနားကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းမှုမှ အားနည်းချက် များကို    သုံးသပ်ပြီး    ဆက်လက် ကျင်းပမှုများအတွက်   ပြင်ဆင် ဖြည့်စွက်  ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း  ပြောကြားသည်။
ထို့နောက်   တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံ    ဂီတအစည်းအရုံး (ဗဟို)      ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ  ဦးလွင်မြင့်၊      မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး          ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်  ဦးရဲနိုင်နှင့်   တက်ရောက်လာ ကြသည့်  အလွှာအသီးသီးမှ ဂီတ အနုပညာရှင်တို့က        မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ပြန်လည် ဖွဲ့စည်းနိုင်ရေး၊ ဂီတအနုပညာရှင် များ   ခံစားခွင့်    စနစ်တကျရရှိနိုင် ရန်အတွက်       မူပိုင်ခွင့်ဥပဒေနှင့် အညီ ကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ မူပိုင်ခွင့်ဥပဒေနှင့်   ဆောင်ရွက်ရန် မရှိသေးမီ  အဖွဲ့များနှင့် ပေါင်းစပ် ဆောင်ရွက်ရေး၊ ၂၀၂၄  ခုနှစ် ဇွန် ၂၇  ရက်တွင် မြန်မာ့ဂီတနေ့အခမ်း အနားကို   ရန်ကုန်မြို့  အမျိုးသား ကဇာတ်ရုံတွင်  ခမ်းနားထည်ဝါစွာ နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး၊ မြန်မာ့ဂီတနေ့အခမ်းအနား ကျင်းပနိုင်ရေး၊  ဂီတအကယ်ဒမီ ဆုရွေးချယ်   ချီးမြှင့်နိုင်ရန်အတွက် ဂီတလောကသားများ   ပူးပေါင်း ပါဝင်ပြီး        ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြ ကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
အဆိုပါ  ဆွေးနွေးတင်ပြချက် များအပေါ်   ပြည်ထောင်စုဝန်ကြီး က  ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက် ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးသည်   မင်္ဂလာတောင်ညွန့် မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ အမှတ် (၁၈-A)တွင်       စာဆိုဗိမာန် အဆောက်အအုံ တည်ဆောက်မည့် မြေနေရာကို   သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ    တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး   ဦးဌေးအောင်၊ အမြဲတမ်းအတွင်းဝန်  ဦးဝင်းကျော် အောင်နှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး ချုပ်      ဦးကိုကိုနိုင်တို့က  စာဆို ဗိမာန်အဆောက်အအုံ           တည် ဆောက်မည့်ပုံစံ၊     ကုန်ကျစရိတ်၊ အဆောက်အအုံ ဆောက်လုပ်မည့် နေရာတို့ကို   ရှင်းလင်းတင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးက စာဆို ဗိမာန်သည် စာပပညာရှင်များနှင့်  ပြည်သူများ  လာရောက်လေ့လာ နိုင်ကြမည့် နေရာ၊ စာပေ ဆွေးနွေး ပွဲများ ပြုလုပ်နိုင်မည့် နေရာဖြစ် စေလိုပါကြောင်း၊           အေးအေး ချမ်းချမ်း စာပေများ ဖတ်ရှုနိုင်ရန် နှင့်      နားခိုရန်နေရာတစ်ခုဖြစ်ရန် လည်း     လိုအပ်ပါကြောင်း၊ စာဆို ဗိမာန်အဆောက်အအုံသည် မြန်မာ နိုင်ငံအတွက် မရှိမဖြစ်   အဆောက် အအုံဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည် ရေးကိုလည်း    ပြသရာရောက်ပါ ကြောင်း၊    စာပေလောကအတွက် လည်း    အလွန်အရေးကြီးပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ကလည်း စာဆိုဗိမာန်အဆောက် အအုံကို        အမြန်ဆုံးအကောင် အထည်ဖော်      ဆောင်ရွက်နိုင် ရန်       ညွှန်ကြားထားပါကြောင်း၊ စည်းကမ်း          စည်းမျဉ်းဘောင် အတွင်းမှ လုပ်ငန်းများကို မြန်မြန်  ဆန်ဆန်    ဆောင်ရွက်စေလိုပါ ကြောင်း  ပြောကြားသည်။
လိုအပ်သည်များမှာကြား
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးသည်   တာဝန်ရှိသူများ နှင့်အတူ       စာဆိုဗိမာန်တည် ဆောက်မည့်        မြေနေရာကို လှည့်လည်ကြည့်ရှု      စစ်ဆေးပြီး လိုအပ်သည်များကို    မှာကြား သည်။
သတင်းမီဒီယာများနှင့် တွေ့ဆုံ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရွှေတောင်ကြားရပ်ကွက်ရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ   အစည်း အဝေးခန်းမတွင်      မြန်မာနိုင်ငံ သတင်းမီဒီယာဥက္ကဋ္ဌနှင့် သတင်း မီဒီယာများ   တွေ့ဆုံ၍   လက်ရှိ ထုတ်ဝေ       ဖြန့်ချိလျက်ရှိသော သတင်းစာဂျာနယ်များ   ထုတ်ဝေ ဖြန့်ချိနေမှု        အခြေအနေနှင့် သတင်းမှန်များ  ဖော်ပြပေးနေမှု အခြေအနေများ၊      ဖြန့်ချိရေး လုပ်ငန်းများနှင့်     ဆက်လက် ဆောင်ရွက်ရန်   လိုအပ်နေမှုအခြေ အနေများကို   ဆွေးနွေးညှိနှိုင်းခဲ့ ကြသည်။          


သတင်းစဉ်