ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဗဟိုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား တွေ့ဆုံ

 

ရန်ကုန် စက်တင်ဘာ ၁၀


ပြန်ကြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနဧည့်ခန်း၌    ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)မှ ဗဟိုဥက္ကဋ္ဌ  အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ  ဦးရဲထွန်းနှင့်   တာဝန်ရှိသူများအား တွေ့ဆုံသည်။


ကူညီဆောင်ရွက်သွားမည်


တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့်        သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အတူ     ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၏   လုပ်ငန်းများကို  အားပေး ကူညီဆောင်ရွက်ရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း၏    လှုပ်ရှားဆောင် ရွက်မှုများနှင့်   စာအုပ်ထုတ်ဝေရေးလုပ်ငန်းများကို လိုအပ်သလို     ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။


ထို့နောက်  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဗဟိုဥက္ကဋ္ဌ      အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းက  အသင်းမှ    ထုတ်ဝေသည့်   စာအုပ်၊ စာစောင်များအား   ပြည်ထောင်စုဝန်ကြီးထံ  ပေးအပ် သည်။
ယင်းနောက်        ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ  ဂျီတီစီပုံနှိပ်စက်ရုံ၊  စာပေဗိမာန် ပုံနှိပ်စက်ရုံနှင့်      အောင်ဆန်းပုံနှိပ်စက်ရုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ဂျီတီစီပုံနှိပ်စက်ရုံရှိ အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ  ပြည်ထောင်စု ဝန်ကြီးက    ပုံနှိပ်စက်ရုံများသည် နိုင်ငံတော်အတွက် လိုအပ်သည့်  စာအုပ်များကို  ခေတ်နှင့်လျော်ညီစွာ  ထုတ်လုပ်နိုင်ရန်   အရေးကြီးပါကြောင်း၊ ထို့ကြောင့်  ပြုပြင်သင့်သည်များကို      ပြုပြင်ပြောင်းလဲ     ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊     ဝန်ထမ်းအိမ်ရာ များကိုလည်း   ဘဏ္ဍာနှစ်အလိုက်     တင်ပြဆောင်ရွက် ပေးရန်လိုကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များအတွက်   ရေရှည်စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်နေပါကြောင်း၊  အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက်    ကောင်းမွန်ပြီး  မှန်ကန်သော အသိပညာနှင့် အတွေးအခေါ်များပေးနိုင်ရန်  လိုအပ် ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများ ကို  လိုက်နာရန်  လိုအပ်ပါကြောင်း၊    ပြန်ကြားရေး ဝန်ကြီးဌာနက   ပြည်သူများကို  အကောင်းဆုံးဝန် ဆောင်မှုများ  ပေးနိုင်အောင်   ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်  ဂျီတီစီပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ် စက်ရုံနှင့်  အောင်ဆန်းပုံနှိပ်စက်ရုံတို့တွင်  ရွှေသွေး ဂျာနယ်နှင့်   စာအုပ်များ  ပုံနှိပ်ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ယမန်နေ့ညနေပိုင်းက   ပြည်ထောင်စုဝန်ကြီး သည် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရေကူးအသံလွှင့်စက်ရုံသို့ ရောက် ရှိပြီး မြန်မာ့အသံ ရေဒီယိုထုတ်လွှင့်မှုနှင့် ပုဂ္ဂလိက ရုပ်သံလုပ်ငန်းများ       ဆောင်ရွက်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရေကူးအသံလွှင့်စက်ရုံ အစည်းအဝေးခန်းမ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား  ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်   တာဝန်ရှိသူများ၏    တင်ပြချက်များ အပေါ်     ပြည်ထောင်စုဝန်ကြီးက    မှာကြားရာတွင် စက်ရုံဧရိယာကျယ်ဝန်းပြီး တည်နေရာအနေအထား အရ  လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊  ထို့အတူ   မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ  ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်တွင်  မီဒီယာကဏ္ဍ သည် အလွန်အ‌ရေးပါပြီး နိုင်ငံတော်ကို  ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရာတွင် အရေးကြီးပါ ကြောင်း၊  နိုင်ငံတော်ဝန်ကြီးချုပ်က   မီဒီယာနှင့် ပတ်သက်၍  အလေးထားပါကြောင်း၊   ထို့ကြောင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ခေတ်နှင့်လျော်ညီ သော ၊ နုပျိုသစ်လွင်သော၊ ပြည်သူများ စိတ်ဝင်စား မည့် အစီအစဉ်ကောင်းများ  စီစဉ်ထုတ်လွှင့်နိုင်ရေး ပြောင်းလဲဆောင်ရွက်စေလျက်ရှိပါကြောင်း ပြော ကြားသည်။


ကြိုတင်ပြင်ဆင်ဆောင်ရွက်


ထို့နောက်ပြည်ထောင်စုဝန်ကြီးက  Sky Net ရုပ်သံလုပ်ငန်း၏   စတူဒီယိုများတွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ရိုက်ကူး ရေးဆောင်ရွက်နေမှုကို  ကြည့်ရှုပြီး  တိုးချဲ့ဆောင်ရွက် လိုသည့် ရိုက်ကူးရေးလုပ်ငန်းများအတွက် အသေးစိတ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍   Forever   Group   ကုမ္ပဏီ၏ ရုပ်သံလုပ်ငန်းခွင်သို့ ရောက်ရှိပြီးတိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ရေးယာဉ်များ၊   စတူဒီယိုများ၊  Virtual Studio တွင် သရုပ်ပြရိုက်ကူးမှုနှင့် ရုပ်သံတည်းဖြတ်မှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။


ထို့နောက်  အစည်းအဝေးခန်းမတွင်  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ   ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက        ပြည်သူလူထုအား အပန်းပြေစေရန်နှင့်   စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် အစီအစဉ်ကောင်းများ ထုတ်လုပ်ပြသနိုင် ရေး ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စီမံချက်ရေးဆွဲပြီး တင်ပြဆောင်ရွက်သွားရန်   မှာကြားခဲ့သည်။                              

သတင်းစဉ်