ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တက္ကသိုလ်ကောလိပ် ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၃) သို့ ဘာသာရပ်ဆိုင်ရာသင်ခန်းစာပို့ချ၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ(မန္တလေး)ကို ကြည့်ရှုစစ်ဆေး

 

မန္တလေး     အောက်တိုဘာ     ၂၀


ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း သည်   ယနေ့နံနက်ပိုင်းတွင်    နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်  (အထက် မြန်မာပြည်) ရတနာပုံခန်းမ၌ တက္ကသိုလ်ကောလိပ် ဆရာ/ ဆရာမများ အထူးမွမ်းမံသင်တန်း    အမှတ်စဉ် (၂၃) မှ    သင်တန်းသားများအား နိုင်ငံတော်တည်ဆောက်ရေးနှင့်   မီဒီယာ၏အခန်းကဏ္ဍ ဘာသာရပ် သင်ခန်းစာကို  ဆွေးနွေးပို့ချရာ   ပါမောက္ခချုပ်ဦးကျော်စိုး၊   ဒုတိယ ပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။


ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပို့ချရာတွင်  နိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး ဖြစ်ထွန်းတိုးတက်မှုအခြေအနေများ၊ တိုင်းပြည်သာယာဝပြောရေးနှင့်     စားရေရိက္ခာဖူလုံရေးတို့အတွက် အစိုးရ၏     အားထုတ်ကြိုးပမ်းဆောင်ရွက်နေမှု    အခြေအနေများ၊   မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအခြေအနေများ၊ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့၊  စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကျင်းပခဲ့ပုံများ၊  နိုင်ငံတော်အဆင့်အခမ်းအနားများနှင့်  ပြပွဲ/ပြိုင်ပွဲ၊ ပွဲတော်များ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့မှုများ၊ ဆိုင်ကလုန်း မုန်တိုင်းမိုခါ      တိုက်ခတ်ပြီးနောက်    နိုင်ငံတော်အဆင့်ဦးဆောင်ပြီး ပြန်လည်ထူထောင်နိုင်ခဲ့မှု      အခြေအနေများ၊   တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)(၈)နှစ်မြောက် နှစ်ပတ်လည်   နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့မှုများ၊ သတင်းတု/သတင်းမှား တုံ့ပြန်ရေးအတွက်   ပြန်ကြားရေးဝန်ကြီးဌာန၏  စီစဉ် ဆောင်ရွက်မှုများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာနှင့် ပတ်သက်သည့်   အစည်းအဝေးနှင့် အခမ်းအနားများသို့  ပြန်ကြားရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ၊ မီဒီယာဆက်ဆံရေးနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊   သင်တန်းသားသင်တန်းသူများ   အခြား သိသင့်သိထိုက်သည့်  အကြောင်းအရာများကို ဆွေးနွေးဟောပြောပို့ချခဲ့ သည်။


အဆိုပါသင်တန်းမှာ ရက်သတ္တ ၅ ပတ်ကြာ ဖွင့်လှစ်သည့် သင်တန်း ဖြစ်ပြီး  တက္ကသိုလ်ကောလိပ်များမှ ဆရာ ဆရာမ ၃၉၇ ဦး  တက်ရောက်  လျက်ရှိကြောင်း သိရသည်။


ညနေပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) သို့ရောက်ရှိပြီး ဝန်ထမ်းများအား တွေဆုံမှာကြားသည်။


ထို့နောက်   စက်ရုံအတွင်း   ပုံနှိပ်ရေးလုပ်ငန်းများ၊   ထုတ်ဝေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ ပြည်ထောင်စု ဝန်ကြီးက သာပေါင်းစက္ကူစက်ရုံမှ ယခုအခါ သတင်းစာစက္ကူကုန်ကြမ်း များကို နမူနာပေးပို့လာသဖြင့် သတင်းစာတိုက်တွင်  စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊  နောင်တွင် ကျောင်းသုံးစက္ကူ 70 GSM အဆင်သို့    ရောက်ရှိလာပါက   ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ယခုထက်   အရေအတွက်ပိုမိုရိုက်နှိပ်ပေးရန်ရှိသဖြင့်   လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ပုံနှိပ်လျက်ရှိသည့် သင်ရိုးညွှန်းတမ်းစာအုပ်များ အရည်အသွေးကောင်းမွန်စံချိန်မီရေး၊ အချိန်မီပြီးစီးရေးနှင့်  လုပ်ငန်း ခွင်အန္တရာယ်ကင်းရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။  

သတင်းစဉ်