ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဘားအံမြို့၌ ကျင်းပသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပဒေသာကပွဲ တက်ရောက်အားပေး

 

ဘားအံ   ဒီဇင်ဘာ   ၈


ပြန်ကြားရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်းသည် ယမန်နေ့ ညပိုင်းက ကရင်ပြည်နယ် ဘားအံမြို့  သီရိ ကွင်း    ဒုံးစင်မြင့်၌    ကျင်းပသည့် (၁၀၃)  နှစ်မြောက်   အမျိုးသား အောင်ပွဲနေ့     အထိမ်းအမှတ် ပဒေသာကပွဲကို  ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်    ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်   အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊  ဒေသခံတိုင်းရင်းသား ပြည်သူများ နှင့်အတူ   တက်ရောက်ကြည့်ရှု အားပေးသည်။


အဆိုပါ      ပဒေသာကပွဲကို ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့ စေရန်နှင့် အမျိုးသားအောင်ပွဲနေ့ ၏ အနှစ်သာရများ  ရရှိခံစားနိုင် စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပဒေသာကပွဲတွင်  ဘားအံမြို့ပေါ် ရှိ    အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက ငြိမ်းချမ်းတဲ့        မြန်မာပြည်၊ သွေးချင်းတို့ရဲ့ဌာနေ၊ အလှကမ္ဘာ မြေ၊ ပင်လုံသက်သေချစ်သောမြေ၊ လတ်တီး   တေးသီချင်းများဖြင့် တေးသရုပ်ဖော်       သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြပြီး ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်း၊ ရှမ်းယဉ်ကျေးမှု အဖွဲ့များက သက်ဆိုင်ရာတိုင်းရင်း သားတို့၏      ရိုးရာယဉ်ကျေးမှု အကအလှများဖြင့်လည်းကောင်း၊ Unpluagged တီးဝိုင်းနှင့်တွဲဖက်၍ တေးသံရှင် ဇင်ကြီး၊ ကရင်တေးသံ ရှင် လုံးမာန်၊ ဖော့ဆိုခန့်နှင့်အဖွဲ့တို့ က နှစ်သက်ရာ တေးသီချင်းများ ဖြင့်လည်းကောင်း     ပျော်ရွှင်စွာ သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြ သည်။


ယင်းနောက်     ဂုဏ်ပြုဆုငွေ များ       ပေးအပ်ချီးမြှင့်ကြရာ ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေ ရေးအဖွဲ့များကို   ဂုဏ်ပြုဆုငွေ ကျပ်သိန်း  ၂၀ ပေးအပ်ချီးမြှင့်ခဲ့ သည်။


 ယနေ့နံနက်ပိုင်းတွင်  ပြည် ထောင်စုဝန်ကြီး   ဦးမောင်မောင် အုန်းသည် ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနှင့်  ပြည်နယ် ဝန်ကြီးများနှင့်အတူ ကရင်ပြည် နယ် ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ်     တိုးချဲ့လူနာဆောင်၌ ပြည်နယ်အတွင်း     မြို့နယ်များရှိ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား  ကျန်းမာရေး စစ်ဆေးမှု   ပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး      ဖူးမြော် ကြည်ညိုသည်။


အဆိုပါ ကျန်းမာရေးစစ်ဆေး မှုကို ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊   ကုသရေးဦးစီးဌာန နှင့်    သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရှေးဦးစွာ      ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ သည်    နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဋ္ဌာန် ပတိုင်ကျောင်းဆရာ တော်   မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ   ဝိဇ္ဇာနန္ဒ၊     အမိတာရာမ ရဲကျောင်း     ဆရာတော်   ဘဒ္ဒန္တ ဂုဏာလင်္ကာရ   အမှူးပြုသော ထေရ်ကြီးဝါကြီး  ဆရာတော်ကြီး များအား      ဖူးမြော်ကြည်ညိုပြီး     နဝကမ္မအလှူငွေများ      ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက်     ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံ ကြီး(ဘားအံ)မှ  သမားတော်ကြီး များ၊       အထူးကုဆရာဝန်ကြီး များ၊ ကျန်းမာရေးဝန်ထမ်းများက ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား  လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှု    ပြုလုပ် ပေးနေမှုကို  ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက စစ်ဆေး ရရှိသော အဖြေများအရ လိုအပ် သောစစ်ဆေးမှုများ၊  ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် နှင့် လိုအပ်ပါက အထက်အဆင့်သို့ ညွှန်းပို့ပေးနိုင်ရန် တာဝန်ရှိသူများ အား မှာကြားသည်။


စောမျိုးမင်းသိန်း
(ပြန်/ဆက်)