ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဘားအံမြို့  ဇွဲကပင်ခန်းမ၌ ဘားအံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ  ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သတင်းတု သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေး

 

ဘားအံ   ဒီဇင်ဘာ   ၇


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းသည်  ယနေ့ မွန်းလွဲပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဘားအံတက္ကသိုလ် နှင့်  ပညာရေးဒီဂရီကောလိပ်တို့မှ   ဆရာ ဆရာမများ၊  ကျောင်းသား      ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သတင်းတု သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။


တွေ့ဆုံပွဲ      အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်    ဦးစောမြင့်ဦး၊    ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာ  တာဝန်ရှိသူများ၊ ဘားအံ တက္ကသိုလ်နှင့်    ပညာရေးဒီဂရီ ကောလိပ်တို့မှ ဆရာ ဆရာမများ၊  ကျောင်းသား     ကျောင်းသူများ၊ စာပေယဉ်ကျေးမှု အဖွဲ့ဝင်များနှင့်      ဒေသခံတိုင်းရင်းသားများ တက် ရောက်ကြသည်။


ဦးစွာ     မီဒီယာအဆိပ်သင့်မှု အန္တရာယ်၊ နိုင်ငံတော်တည်ဆောက် ရေးနှင့် နိုင်ငံတော်မီဒီယာ၏အခန်း ကဏ္ဍ၊  ရှေ့သို့ချီမည်  ပန်းတိုင်ဆီ စသည့်         ဗီဒီယိုကလစ်တို့ကို ပြသသည်။


အမှာစကားပြောကြား


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြား ရာတွင်   ယနေ့    လူမှုကွန်ရက် ပလက်ဖောင်းများ         ပေါ်တွင် ကျင့်ဝတ်သိက္ခာမဲ့သော မီဒီယာ ကြီးများက သတင်းတု သတင်းမှား များ   လွှင့်ထုတ်ကာ   ပြည်သူများ အား   အသိအမြင်   လွဲမှားအောင်  ဆောင်ရွက်        နေကြပါကြောင်း၊ တစ်နည်းအားဖြင့်   နိုင်ငံတော် အစိုးရ၏ လုပ်ဆောင်ချက်များကို သတင်းတု သတင်းမှားများ လွှင့် ထုတ်ကာ   ပြည်သူများ     အထင် အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်ဟု    ပြောလို ပါကြောင်း၊ အဆိုပါလူမှုကွန်ရက် မီဒီယာများပေါ်မှ  လွှင့်တင်ဖော်ပြ ချက်များကို အမှန်/အမှား ခွဲခြား ဝေဖန်ပိုင်းခြားကာ ရှုမြင်သုံးသပ် နေကြရန် လိုအပ်ပါကြောင်း။


အားလုံးသိကြသည့်အတိုင်း  အကြမ်းဖက်သမားများက   တိုင်း ဒေသကြီး/     ပြည်နယ်အချို့၌ အပြစ်မဲ့ပြည်သူများကို     မင်းမဲ့ စရိုက်ဆန်စွာ  အနိုင်ကျင့်   သတ် ဖြတ် တိုက်ခိုက်မှုများ၊ ပြည်သူပိုင်  လမ်း၊ တံတား၊ အဆောက်အအုံ များအား ဖောက်ခွဲဖျက်ဆီးမှုများ ကို လုပ်ဆောင်နေသည့်အတွက် နိုင်ငံအတွက်ရော     ပြည်သူများ အတွက်ပါ   လွန်စွာနစ်နာလျက် ရှိပါကြောင်း၊ ယင်းအကြမ်းဖက် သမားများ၏  လုပ်ရပ်များအပေါ် ပြည်သူများအနေဖြင့်  ဆန့်ကျင် ရှုတ်ချကာ     ဝိုင်းဝန်းကာကွယ် တားဆီးပေးရန်     တိုက်တွန်းလို ပါကြောင်း။


အလားတူ     ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတွင် လက်နက် ကိုင်           အဖွဲ့အစည်းအချို့က ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင် ၍   စစ်ပွဲများ   ဖန်တီးတိုက်ခိုက် နေကြသဖြင့် ဒေသခံပြည်သူများ  ထိခိုက်နစ်နာလျက်        ရှိသလို နိုင်ငံတော်၏ ပုံရိပ်ကိုလည်း ထိခိုက် ပျက်ပြားလျက်      ရှိပါကြောင်း၊ အထူးသဖြင့်       ရှမ်းပြည်နယ် (မြောက်ပိုင်း)  တွင်  ဖြစ်ပွားနေ သော စစ်ပွဲများကို အကြောင်းပြု၍  မသမာသူ     အဖျက်သမားများက မြန်မာနိုင်ငံနှင့်    တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို    ထိခိုက် ပျက်ပြားအောင်      သတင်းတု၊ သတင်းမှားများ လွှင့်ထုတ်ဆောင် ရွက်နေကြသည်ကိုလည်း တွေ့မြင် ရပါကြောင်း၊      မိမိတို့အနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများ ကို ပူးပေါင်းဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း၊      နယ်မြေဒေသ တစ်ခု ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံ သည် တည်ငြိမ်အေးချမ်းရေးပင် ဖြစ်သည့်အတွက်      မိမိတို့ဒေသ တည်ငြိမ်အေးချမ်းအောင် ကူညီ ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံ ရေး၊    လူမျိုးရေး    အစွန်းရောက် တွေးခေါ်မှုများကြောင့်    ပဋိပက္ခ များ    မဖြစ်ပွားစေရန်    ဝိုင်းဝန်း ထိန်းသိမ်းပေးကြပါဟု       ပြော ကြားသည်။


ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ်     ဦးစောမြင့်ဦးက သတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းများ မှန်ကန်စွာစီးဆင်း နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး  ပြောကြားသည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးက ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွက်    DTH   (၆)    စုံနှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်၊  ကျေးရွာများအတွက်   DVB  T  2 Set Top Box အလုံး ၆၀၀ ကို လှူဒါန်းရာ  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး    ဦးမြင့်လွင်က လည်းကောင်း၊   ကရင်ပြည်နယ် တပ်နယ်    မိသားစုများအတွက် DTH (၄) စုံနှင့် DVB T 2 Set Top Box အလုံး ၄၀၀ ကို လှူဒါန်းရာ နယ်မြေခံတပ်နယ်မှ  တာဝန်ရှိသူ တစ်ဦးကလည်းကောင်း    လက်ခံ ရယူကြသည်။

ဆက်လက်၍ ကရင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဒုံးအဖွဲ့က    ဒုံးအကဖြင့်    ကပြ ဖျော်ဖြေတင်ဆက်ခဲ့ပြီး      ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေ များ ပေးအပ်သည်။


ခေတ်စနစ်နှင့်လျော်ညီစွာ
ပြောင်းလဲဆောင်ရွက်ရမည်


ယနေ့နံနက်ပိုင်းက     ပြည် ထောင်စုဝန်ကြီးသည် ပြန်ကြား  ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန   ဘားအံခရိုင်ရုံးရှိ   ကလေး စာဖတ်ခန်း၊ ပြတိုက်ငယ်၊ ပြည်သူ့ စာကြည့်တိုက်နှင့်          ရွေ့လျား စာကြည့်တိုက်ယာဉ်ကို      လည်း ကောင်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘားအံရှိ စာအုပ်သိုလှောင်ခန်း၊ ကွန်ပျူတာ ခန်းမ၊ အစည်းအဝေးခန်းမတို့ကို ကြည့်ရှုပြီး        ဝန်ထမ်းများအား တွေ့ဆုံစဉ် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများ ကို   ပြောင်းလဲလာသည့်   ခေတ် စနစ်အခြေအနေနှင့် လျော်ညီစွာ ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အထူးသဖြင့် သမားရိုးကျ မီဒီယာလုပ်ငန်းများမှ      New Media  ဟုခေါ်သည့်  မီဒီယာပုံစံ သစ်များကို တတ်ကျွမ်းနားလည်  အောင်လုပ်ပြီး    မိမိတို့လုပ်ငန်း များကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်         သတင်း အချက်အလက်     နည်းပညာရပ် များကို   ဉာဏ်ရည်တုနည်းပညာ  အသုံးချ၍ လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နေချိန်တွင်      မိမိတို့  ဝန်ထမ်းများက ပေါ့ပေါ့လျော့လျော့ တွေးခေါ်လုပ်ကိုင်     ဆောင်ရွက် နေ၍မရဘဲ   ပြောင်းလဲဆန်းသစ် တီထွင်     လုပ်ကိုင်နေရမည်ဖြစ် ကြောင်း၊   အထူးသဖြင့်   လူငယ် များအား   အသိပညာမှန်ကန်ပြီး အရည်အသွေးပြည့်ဝသည့် နိုင်ငံ သားကောင်းများ ဖြစ်ပေါ်လာစေ ရေးအတွက် အားထုတ်ကြိုးပမ်း ပေးရန်လိုကြောင်း။


ကရင်ပြည်နယ်အစိုးရအဖွဲ့က  မိမိတို့ရုံးအား လူထုအခြေပြုဗဟို ဌာနအဆောက်အအုံ    တစ်ခုကို စီစဉ်တည်ဆောက်၍ လူငယ်ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်    လိုအပ်သည်များ   ကူညီပံ့ပိုး ပေးထားသည်ကို      တွေ့မြင်ရ၍ လွန်စွာ   ကျေးဇူးတင်ဝမ်းမြောက်  ပါကြောင်း၊   ပြည်သူများ စာအုပ် စာစောင် ဖတ်ရှုလေ့လာနိုင်ရေးနှင့်  အသိပညာ      မြင့်မားလာစေရေး အတွက်      စာကြည့်တိုက်များ ဖွင့်လှစ်ပေးရုံဖြင့်မရဘဲ ပြည်သူ များ      စာအုပ်စာစောင်များကို လက်လှမ်းတမီ ငှားရမ်းဖတ်ရှုနိုင် ရန် ရွေ့လျားစာကြည့်တိုက်ယာဉ် ဖြင့်  စာအုပ်၊ စာစောင်များ သွား ရောက် ငှားရမ်းပေးကြရမည်ဖြစ် ကြောင်း၊ ယခုအချိန်တွင် နယ်မြေ  တည်ငြိမ်    အေးချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်၍ ပြည်သူ များအား    အကြမ်းဖက်လုပ်ရပ် များကို ဆန့်ကျင်ရှုတ်ချတိုက်ဖျက် ကြရေး မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်ပေးကြပါဟု ဆွေးနွေး ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စု  ဝန်ကြီးသည်      မြန်မာ့အသံနှင့် ရုပ်မြင်သံကြား     ထပ်ဆင့်လွှင့် စက်ရုံ (ဘားအံ)  ကို        ကြည့်ရှု စစ်ဆေးပြီး      ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 


သတင်းစဉ်