ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ ပန်လီပူရမ်ကျေးရွာနှင့် ကင်တန်မနီကျေးရွာများသို့ သွားရောက်လေ့လာ

 

ဘာလီ   မေ   ၂၅


(၁၈)ကြိမ်မြောက်  အာရှမီဒီယာ ထိပ်သီးညီလာခံ      (18th  Asia Media Summit) တက်ရောက် လျက်ရှိသည့် ပြန်ကြားရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း    ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည်     အာရှပစိဖိတ်   ရုပ်သံလွှင့် လုပ်ငန်းများ  ဖွံ့ဖြိုးရေးအဖွဲ့(AIBD) အဖွဲ့ဝင်နိုင်ငံများမှ       ညီလာခံ တက်ရောက်လျက်ရှိသည့်    နိုင်ငံ များမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် ကိုယ်စားလှယ်များ နှင့်အတူ      ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ  ဘာလီကျွန်းရှိ ဘန်လီခရိုင် (Bangli Regency)၊ ကူဘူ (Kubu) မြို့မှ   ပန်လီပူရမ် ကျေးရွာ ၊ Bamboo Forest နှင့် ကင်တန်မနီ        (Kintamani) ကျေးရွာတို့သို့       သွားရောက် လေ့လာကြသည်။ 

 


ကြိုဆိုနှုတ်ဆက်


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးနှင့်     လေ့လာရေးအဖွဲ့ဝင် များအား   ပန်လီပူရမ်     ကျေးရွာ အုပ်ချုပ်ရေး      တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်၍     ကျေးရွာ ဆိုင်ရာ  အချက်အလက်များအား ပြောကြားပြီး        ကျေးရွာအတွင်း လိုက်လံ             ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက ဒေသခံ များအား   ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး    ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရွာသူ ရွာသားများအား အမှတ်တရ    လက်ဆောင်ပစ္စည်း များ ပေးအပ်သည်။

 


ရိုးရာယဉ်ကျေးမှုနှင့်အညီ   နေထိုင်


အဆိုပါ   ပန်လီပူရမ်ကျေးရွာ တွင် လူဦးရေ  ၁၂၈၀၊ အိမ်ခြေ ၇၈ လုံးရှိပြီး ဘာလီကျွန်း‌ဒေသခံများ ၏ ရိုးရာဓလေ့ထုံးစံများကို အစဉ် အဆက် ထိန်းသိမ်းစောင့်ရှောက် ပြီး       နေထိုင်လုပ်ကိုင်မှုကြောင့် ကမ္ဘာလှည့်ခရီးသွားများ  စိတ်ဝင် စားပြီး အများဆုံး လာရောက်သည့် ကျေးရွာတစ်ရွာ       ဖြစ်ကြောင်း၊ ကျေးရွာရှိ  နေအိမ်နှင့်   အဆောက် အဦများကို ဘာလီကျွန်း ရိုးရာပုံစံ  ဆောက်လုပ်ထားကြပြီး ကျေးရွာ သူ      ကျေးရွာသားများမှာလည်း ဘာလီကျွန်း   ရိုးရာယဉ်ကျေးမှုနှင့် အညီ   နေထိုင်လုပ်ကိုင်လျက်ရှိကြ ကြောင်း၊   ကျေးရွာ၏    နေအိမ် တည်ဆောက်မှု  ဗိသုကာပညာနှင့် မြေယာစီမံခန့်ခွဲမှုများအား  နတ် ဘုရား၊   လူသားနှင့်   သဘာဝ ပတ်ဝန်းကျင်တို့အကြား ဟန်ချက်  ညီ ထိန်းညှိဆက်သွယ်ထားသည့် ဘာလီရိုးရာ သုံးနားညီ အယူအဆ (Tri Hita Karana )ကို ကျင့်သုံး ဆောင်ရွက်လျက်           ရှိကြောင်း၊ ပန်လီပူရမ်ကျေးရွာသည် ကမ္ဘာ ပေါ်ရှိ   အသန့်ရှင်းဆုံး   ကျေးရွာ သုံးရွာတွင် ပါဝင်နေပြီး ကျေးရွာ၏ သန့်ရှင်းသပ်ရပ်   သာယာလှပမှု ကြောင့် ၂၀၁၇   ခုနှစ်တွင် အင်ဒို နီးရှားနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲသော    ခရီးသွားလည်ပတ် နေရာ   ထူးချွန်ဆု (Indonesia Sustainable Tourism Award) အပါအဝင်  ဆုပေါင်းများစွာ    ရရှိ ထားကြောင်း သိရသည်။

 


ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးနှင့်  လေ့လာရေးအဖွဲ့သည်  ပန်လီပူရမ်ကျေးရွာ            အနီးရှိ ဟူထန်  ဝါးသစ်တော    (Hutan Bambu Forest)သို့ သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 


ထိန်းသိမ်းစောင့်ရှောက်


Hutan Bambu Forest ကို သဘာဝအတိုင်း  ထိန်းသိမ်းစောင့် ရှောက်နိုင်ရန်အတွက်   ၁၉၉၅ ခုနှစ်မှစတင်၍ အင်ဒိုနီးရှားအစိုးရ က   အစီအမံနှင့်    ရန်ပုံငွေများ သတ်မှတ်ခွင့်ပြုပေးခဲ့ရာ ပန်လီပူရမ် ကျေးရွာလူထုက     ဝါးသစ်တော ထိန်းသိမ်း                စောင့်ရှောက်ရေး လုပ်ငန်းများကို အစိုးရအထောက် အပံ့ဖြင့်     ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်နေခြင်း    ဖြစ်ကြောင်း သိရသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့် လေ့လာရေးအဖွဲ့သည် ဘာလီကျွန်း ကင်တန်မနီကျေးရွာ ရှိ BAS De ATAYANA (I I Love BAS Agrotourism)ကော်ဖီခြံသို့ သွားရောက်ပြီး        ကြောင်နံ့သာ/ကြောင်ကတိုး အသုံးပြု၍ ကော်ဖီ ထုတ်လုပ်မှု     လုပ်ငန်းစဉ်ကို  ကြည့်ရှုလေ့လာကြသည်။

 


 အဆိုပါ ပုဂ္ဂလိက ကော်ဖီခြံ မှာ  ၁၀ ဧက ခန့်ရှိပြီး ကြောင်နံ့ သာ/ ကြောင်ကတိုး   (Civet Cat/ Kopi Luwak)   ကောင်ရေ  ၂၀ ခန့်ဖြင့်     လုပ်ကိုင်နေခြင်းဖြစ် ကြောင်း၊    ယင်းကြောင်နံ့သာ/ကြောင်ကတိုးများက   ကော်ဖီစေ့ များကို   စားသုံးပြီး စွန့်ပစ်လိုက် သော ကော်ဖီစေ့များကို ပြန်လည် သန့်စင်၍     ထုတ်လုပ်ခြင်းဖြစ် ကြောင်း၊        ဘာလီကျွန်းတွင် အလားတူ        ကော်ဖီခြံများစွာရှိပြီး စုစုပေါင်း ဧက ၉၀၀ ခန့် လုပ်ကိုင် လျက်ရှိကြောင်း၊   ယင်းကော်ဖီ အမျိုးအစားသည်            ကမ္ဘာ့ အကောင်းဆုံး   ကော်ဖီများတွင် ပါဝင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့်  ၂၀၂၁- ၂၀၂၂   ခုနှစ်တွင် နိုင်ငံခြားသို့           ကော်ဖီတင်ပို့ ရောင်းချမှုမှ   အမေရိကန်ဒေါ်လာ ၁၂၆   သန်းခန့်    ရရှိခဲ့ကြောင်း သိရသည်။

 


ကြိုးပမ်းဆောင်ရွက်


ကမ္ဘာ့လူဦးရေ  စတုတ္ထအများ ဆုံးနိုင်ငံဖြစ်သည့်    အင်ဒိုနီးရှား နိုင်ငံသည်  ၂၀၄၅ ခုနှစ်တွင် ဖွံ့ဖြိုး ပြီး နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်ရန် ရည်မှန်းချက်ထားရှိပြီး   ကြိုးပမ်း  ဆောင်ရွက်လျက်         ရှိကြောင်း၊ လူဦးရေ ၄ ဒသမ ၅ သန်းကျော် နေထိုင်လျက်ရှိသည့်     ဘာလီ ပြည်နယ်အနေဖြင့်လည်း ကိုဗစ်- ၁၉ ရောဂါ   မဖြစ်ပွားမီကာလ  အခြေအနေကဲ့သို့      ခရီးသွား လုပ်ငန်းများ   ပြန်လည်တိုးတက် ဖွံ့ဖြိုးလာစေရေး    စီမံကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။  


သတင်းစဉ်