
ရန်ကုန် ဩဂုတ် ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်ပညာရှင် များအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၁ ခုနှစ် အတွက် စာပေဆုများကို နိုဝင်ဘာ ၂၃ ရက် စာဆို တော်နေ့တွင် ကြီးကျယ်ခမ်းနားစွာပေးအပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာကြ သော စာပေပညာရှင်ကြီးများက ဆုများရွေးချယ် ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း၊ တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆု၊ စာပေ ဗိမာန်စာမူဆုများကို အမှန်ကန်ဆုံး၊ အထိုက်တန်ဆုံး ဖြစ်အောင် ရွေးချယ်ပေးစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားစာပေဆု၊ စာပေ ဗိမာန်စာမူဆုချီးမြှင့်ရေးအတွက် အစည်းအဝေးများ ကျင်းပပြုလုပ်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် အမျိုးသားစာပေဆု စိစစ်ရွေးချယ် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိန်လှိုင်(သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် တက်ရောက် လာကြသည့် စာပေပညာရှင်များက စာပေဆုများ ရွေးချယ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ဆုရွေးချယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
ထို့နောက် ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးရဲတင့် တို့က ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲ ၃ နာရီတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ယခုထက် ပိုမိုကောင်းမွန် သော သတင်းလောကကြီးကို တည်ဆောက်နိုင်ရန် သတင်းမီဒီယာကောင်စီကို လေးစားအားကိုးပါ ကြောင်း၊ သတင်းတု၊ သတင်းမှားများကို ပြည်သူ များ ထဲထဲဝင်ဝင်သိရှိနိုင်ရန် ဆက်လက်ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအတွက် ကျေးဇူး တင်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် သတင်းမီဒီယာကောင်စီဝင်များက ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)၊ ဒု ဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ ဒုဥက္ကဋ္ဌ (၂) ဦးတင်မောင်ဦး (ကြို့ပင်ကောက်-တင်မောင်ဦး)နှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်