ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု  စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု 
စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံ ပြီး ဖိုတိုလစ်သိုပုံနှိပ်စက်ရုံနှင့် The Global New Light of Myanmar သတင်းစာတိုက်တို့ရှိ ပုံနှိပ်စက်များ ကြည့်ရှုစစ်ဆေး

ရန်ကုန်    မေ    ၁၄


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်းသည်  ယနေ့   မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက    အမှာစကားပြောကြားရာတွင်     ယနေ့ အမျိုးသားစာပေဆု  စိစစ်ရွေးချယ်ရေးကော်မတီနှင့်   စာပေဗိမာန်စာမူဆု   ရွေးချယ်ရေးအဖွဲ့တို့ကို   လာ ရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်    ရာသီတွင်  အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု နှင့် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ် မှုတို့အပေါ် အားနည်းချက်၊ အားသာချက်များအပေါ်     သုံးသပ်ပြီး ယခုနှစ်တွင်လည်း ဆုရွေးချယ်ရေးနှင့် ပတ်သက်၍ စနစ်တကျ စိစစ်ရွေးချယ်စေလိုပါကြောင်း။
စဉ်းစားချင့်ချိန်ဆုံးဖြတ်ပြီးမှရွေးချယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ တာဝန်ယူစဉ်ကာလအတွင်း  ပထမအကြိမ် စာပေဆု ပေးပွဲကို ရန်ကုန် မြို့     မြဝတီစင်တာတွင်လည်းကောင်း၊ ဒုတိယအကြိမ် စာပေဆုပေးပွဲကို နေပြည်တော်တွင် လည်းကောင်း၊ ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် စာပေဆုပေးပွဲကို     နေပြည်တော်တွင်     စည်ကား သိုက်မြိုက်စွာ   ကျင်းပသွားမည်     ဖြစ်ပါကြောင်း၊ စာပေပညာရှင်ကြီးများ ရွေးချယ်ဆုံးဖြတ်ထားသည့်   ဆုနှင့်ပတ်သက်ပြီး အထူးပြောစရာမလိုပါကြောင်း၊ ဆုရွေးချယ်ရေးနှင့်ပတ်သက်ပြီး  စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ  ဆုံးဖြတ်ချက်၊ သုံးသပ်ချက်များ  မှန်ကန်စွာဖြင့် ရွေးချယ်စေလိုပါကြောင်း၊    အမျိုးသား စာပေတစ်သက်တာဆုသည် အင်မတန်မွန်မြတ်သည့် ဆုဖြစ်သည့်အတွက် စဉ်းစားချင့်ချိန်  ဆုံးဖြတ်ပြီးမှ ရွေးချယ်စေလိုပါကြောင်း။
အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်
အမျိုးသားစာပေတစ်သက်တာဆုနှင့် ပတ်သက် ပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ယနေ့အချိန်အခါသည် စာပေနှင့်ပတ်သက် ပြီး    အစွန်းအထင်း    မခံနိုင်ပါကြောင်း၊    စာပေ သည်     နိုင်ငံတော်၏       အသက်ဖြစ်ပါကြောင်း၊ စာတစ်ကြောင်း၊ စာတစ်ပိုဒ်သည် အလွန်အရေးကြီး ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း စာဖတ် ရှိန်မြှင့်တင်ရန်  လမ်းညွှန်ချက်ပေးထားပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အမြဲမပြတ် လေ့လာဆည်းပူးနေသည့်   လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရန် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက်  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာပေဆု၊ စာမူဆု ရွေးချယ် ရေးနှင့်   ပတ်သက်၍    ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ် ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ညွန့် (တက္ကသိုလ် မြတ်သူ)၊  စာပေဗိမာန် စာမူဆု  စိစစ်ရွေးချယ်ရေး အဖွဲ့  ဥက္ကဋ္ဌ  ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် တွေ့ဆုံပွဲသို့  တက်ရောက်လာကြသည့် စာပေပညာ ရှင်ကြီးများက ဆုရွေးချယ်မှုဆိုင်ရာ  လုပ်ငန်းများ ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊  စာအုပ်များ   လက်ခံရရှိမှု၊  ဆုရွေးချယ်ရေးဆိုင်ရာ  လုပ်ငန်းများ နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေး ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ညနေပိုင်းတွင်      ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန    ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ သို့ရောက်ရှိပြီး ပုံနှိပ်စက်ရုံအတွင်း စက်များတပ်ဆင် ထားရှိမှု၊    ပုံနှိပ်လုပ်ငန်းများ   ဆောင်ရွက်နေမှုနှင့်        စက်ကြံ့ခိုင်ရေး   ဆောင်ရွက်ထားရှိမှု   အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ ညွှန်ကြား ရေးမှူးချုပ်က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့်   နိုင်ငံတော်အဆင့်   အပ်နှံ သော     ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများ၊      ဌာနက ထုတ်ဝေသော   အပတ်စဉ်၊   လစဉ်၊    နှစ်စဉ်ထုတ် စာအုပ်/ စာစောင်များ၊    ပညာရေးဝန်ကြီးဌာနမှ အပ်နှံသော ကျောင်းသုံးဖတ်စာအုပ်များနှင့်  အခြား ဝန်ကြီးဌာနများမှ    အပ်နှံသော   ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို   ရှင်းလင်းတင်ပြရာ ပြည် ထောင်စုဝန်ကြီးက     နိုင်ငံတော်     အကြီးအကဲ၏ လမ်းညွှန်ချက်အရ  ယခုနှစ်မှစတင်ပြီး  နိုင်ငံတော် ဘဏ္ဍာငွေအသုံးပြု၍  ဆောင်ရွက်ရသည့်  စာအုပ် စာစောင်များ ပုံနှိပ်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်   ပညာ ရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်စက်များ၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးအောက်ရှိ    ပုံနှိပ်စက်များတွင် စနစ်တကျ   အပ်နှံဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ  ပုံနှိပ်ထုတ်လုပ်မှု အရည်အသွေးကောင်းမွန်မှု ရှိစေ ရေး၊    အပ်နှံသည့်လုပ်ငန်းများ     အမှားအယွင်းမရှိ အရည်အသွေးကောင်းမွန်မှုရှိစေရန်နှင့် သတ်မှတ် ရက်   အချိန်မီထောက်ပံ့နိုင်ရေး၊ ကုန်ကြမ်းပစ္စည်းများ အလေအလွင့်မရှိစေရေး၊  လုပ်ငန်းဆောင်ရွက်ရာ တွင် စေတနာအပြည့်အဝဖြင့် ဆောင်ရွက်ရေးတို့ကို   ဆွေးနွေးမှာကြားပြီး         ပုံနှိပ်စက်ရုံများအတွက် ထောက်ပံ့ငွေကျပ်  ၁၀ သိန်း ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည်  The Global New Light of Myanmar    သတင်းစာတိုက်သို့   ရောက်ရှိပြီး ပုံနှိပ်စက်တပ်ဆင်ထားရှိမှု၊      ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ပုံနှိပ်စက်ဝန်ထမ်းအင်အား၊      သတင်းစာရိုက်နှိပ်မှုအပြင်   ပြင်ပပုံနှိပ်လုပ်ငန်းများ ကိုပါ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့သည်။                  

သတင်းစဉ်