ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယွန်းပညာကောလိပ်(ပုဂံ)၌ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၂၆


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရိုးရာယွန်းပညာ ရပ်များ သင်ကြားပို့ချနေသော မန္တလေးတိုင်းဒေသ ကြီး ညောင်ဦးခရိုင်  ပုဂံမြို့ဟောင်းရှိ   ယွန်းပညာ ကောလိပ်(ပုဂံ)သို့ သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်း များ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံသည်။


တွေ့ဆုံစဉ် ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းအုပ် ဆရာမကြီးက ယွန်းအတတ်ပညာ ဒီပလိုမာ နှစ်နှစ် သင်တန်း၊ ယွန်းအတတ်ပညာဒီပလိုမာ တစ်နှစ် အထူး သင်တန်းများဖွင့်လှစ်ပို့ချနေမှု၊ တက်ရောက်လေ့လာ သင်ယူနေမှုတို့ကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ နှင့်အညီ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ ရေး၊  မိသားစုဝင်ငွေတိုးပွားရေးတို့အတွက်   အသက် မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း၊ ယွန်းပညာကောလိပ်(ပုဂံ)သည် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး  မြန်မာ့ရိုးရာယွန်းထည် နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ် များဖြင့်    တိုးတက်တီထွင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  ထိုသို့ဆောင်ရွက်ခြင်းမှ    ရရှိလာသည့် နည်းပညာများကို ပြန်လည်မျှဝေဖြန့်ဖြူးပေးရမည် ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေ ဖြင့် ပညာရေးဆုံးခန်းတိုင်အောင် လေ့လာဆည်းပူးပြီး ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက်    တက်ကြွစွာပါဝင် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ Grade-9 နှင့် အထက်လူငယ်များအနေဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် တက်ရောက်နိုင်ပြီး ထူးချွန်သူများက သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ တက်ရောက် ခွင့်ရှိပါကြောင်း၊  ဦးစီးဌာနများကလည်း   တက်ညီ လက်ညီဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်    ဌာန ဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ ၏ လုပ်ငန်းအခက်အခဲနှင့်ပတ်သက်၍ တင်ပြမှုများ အပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


သတင်းစဉ်