ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    နိုဝင်ဘာ     ၈


သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ    Mr.   SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ကို    ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့    နေပြည်တော်ကောင်စီ၊   ပဲခူး၊   မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးများ၌ ပူးပေါင်း ဆောင်ရွက်မည့်   သဘာဝမြေဩဇာစက်ရုံ   တည် ဆောက်ရန်   မြေနေရာကိစ္စ၊    ရင်းနှီးမြှုပ်နှံမှုကိစ္စ စီစဉ်ဆောင်ရွက်ပေးရန်နှင့်     ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အပြန် အလှန် ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ တက်ရောက်ကြကြောင်း သိရသည်။    

သတင်းစဉ်