ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၂
သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်း က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီး၏  ကျေးလက်ဒေသ     ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ နှင့်     နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖျာပုံမြို့နယ်  ရှမ်းကွင်းကျေးရွာ၌  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်   ကျေးရွာပြည်သူများကိုယ်တိုင်    စီမံခန့်ခွဲပြီး ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊   ကျေးရွာထည့်ဝင်ငွေကျပ်သိန်း  ၃၀  တို့ဖြင့်  အကောင်အထည်ဖော်    ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းလမ်း အရှည် ပေ ၆၂၀၊    အကျယ် ၁၂ ပေ၊   အမြင့် ၇ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို  ကြည့်ရှုစစ်ဆေးသည်။  တာဝန် ရှိသူများ၏  လုပ်ငန်းဆောင်ရွက်နေမှုများ   ရှင်းလင်း တင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက  စီမံကိန်း လုပ်ငန်းများအား    သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြား ကာ လုပ်ငန်းလိုအပ်ချက်များအပေါ်  ညှိနှိုင်းပေါင်းစပ်   ဆောင်ရွက်ပေးသည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်    ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ     တာဝန်ယူ ဆောင်ရွက်လျက်ရှိသော     ပဆင - သလိပ်ကြီး-တူးမြောင်း - ဂျိုဝါကြံခင်းလမ်းပေါ်ရှိ    ချောင်းကူး သံကူကွန်ကရစ်တံတား အရှည်ပေ ၁၆၀ တည်ဆောက် ခြင်းလုပ်ငန်းခွင်သို့    ရောက်ရှိကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက    လုပ်ငန်းဆောင်ရွက်နေမှုများ ကို  ရှင်းလင်းတင်ပြကြသည်။(အပေါ်ယာပုံ)  တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အဆိုပါ ကျေးရွာချင်းဆက်တံတား     တည်ဆောက်ပြီးစီး ပါက လမ်းဘေး ဝဲ/ယာရှိ ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၁၁၉၃ အိမ်၊ လူဦးရေ ၅၃၇၅ ဦးတို့၏  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ကုန်ထုတ်လုပ်ငန်းများအတွက်   အကျိုးပြုပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူ များ   လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့်   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်    လက်ပန်ကျေးရွာအုပ်စု   လက်ပန်ကျေးရွာရှိ ငြိမ်းချမ်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း နှင့် အသင်းသားတောင်သူ ၂၅ ဦး၏ လယ်မြေ ဧက ၂၁၀ နှင့် ဖျာပုံမြို့နယ် ကွန်ဒိုင်းကြီးကျေးရွာရှိ ကြံတိုင်း အောင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ  အသင်းသားတောင်သူ ၁၇  ဦး၏  လယ်မြေ  ၂၄၆ ဧကတွင်    မိုးစပါးစိုက်ပျိုးထားရှိမှုအား    ကြည့်ရှု စစ်ဆေးကာ     နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ က စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရန်နှင့် တောင်သူများ၏ စိုက်ပျိုးရေး လိုအပ်ချက်များ အချိန်မီဖြည့်ဆည်းပေးနိုင်ရေး   ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်အတွင်းရှိ သမဝါယမအသင်း ၁၃ သင်း မှ လယ်မြေ ၂၇၉၉ ဧက စိုက်ပျိုးနေသော အသင်း အမှုဆောင်များ၊    အသင်းသား    တောင်သူများနှင့် တွေ့ဆုံခဲ့ရာ    သမဝါယမဦးစီးဌာန  တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ တော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိကြောင်း၊  ပိုက်ဆံလျှော်ပင်များ  စိုက်ပျိုးကြရန်၊ တစ်ဧကအထွက်နှုန်း  တိုးတက်မှသာလျှင်  တောင်သူ များ   ဝင်ငွေတိုးပွားနိုင်မည်ဖြစ်ပြီး   လိုအပ်သည့် စိုက်နည်းစနစ်၊ စိုက်ပျိုးရေရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့်     စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ကူညီပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊   ဆောင်ရွက်ပြီး    နွေစပါးနှင့် ပဲတီစိမ်းစီမံကိန်းများကို     ပြန်လည်သုံးသပ်ပြီး ပြုပြင်သင့်သည်များကို   ပြုပြင်ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်ပြီး   တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းအတွက် သွင်းအားစု ဓာတ်မြေဩဇာများကို စီမံကိန်းလုပ်ငန်းများအလိုက် ပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး  ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကြက်ဖ မွေအောင်  ကျွန်းပတ်တာ  အကျိုးပြုဧက ၃၄၀၀၀ ကျော်နှင့် လက်ပန်ပင် ကျွန်းပတ်တာ အကျိုးပြုဧက ၁၁၀၀၀ ‌ကျော်အတွက် ရေငန်တားခြင်းနှင့် ရေချိုထိန်း မည့်အစီအမံကို  ရှင်းလင်းတင်ပြသည်။ ထို့နောက် သမဝါယမအသင်း ၁၃ သင်းမှ အသင်းသားတောင်သူ များ၏   စိုက်ပျိုးရေးနှင့်   ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ်   အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏        အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းဖြင့် မော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်း   ဖွင့်လှစ်ပို့ချပေးနေသည့်   လယ်ကိုင်း ကျေးရွာသို့   သွားရောက်ပြီး  သင်တန်းသားများနှင့် တွေ့ဆုံသည်။  တာဝန်ရှိသူများ၏  သင်တန်းဖွင့်လှစ် ပို့ချနေမှုအခြေအနေများ   ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက   သင်တန်းအောင်မြင်ပြီး ထူးချွန်သင်တန်းသားများအား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာ၊   အရင်းအနှီးများ   ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်သည်အထိ ကြိုးစား လေ့လာသင်ယူကြစေလိုကြောင်း  အားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်ရှိ အောင်နိုင်သစ္စာ တန် ၂၅၀ ကျ ဆန်စက်သို့ရောက်ရှိရာ   တာဝန်ရှိသူများက   သမ ဝါယမအသင်းအဖွဲ့များနှင့်ပူးပေါင်း၍  လုပ်ငန်းဆောင် ရွက်နေမှုများ၊ ‌ တောင်သူများသို့  မျိုး၊ သွင်းအားစု၊ ထောက်ပံ့ပေးမှုအခြေအနေ၊ ထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေများ တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တောင်သူများ လိုအပ်သည့် နည်းပညာ၊ သွင်းအားစု များကို အကျိုးတူစနစ်ဖြင့်  သက်သာအောင် ဆောင် ရွက်ပေးရန်၊ ဈေးနှုန်းခန့်မှန်းရရှိရေး ပြင်ဆင်ဆောင် ရွက်ပေးရန်၊  တောင်သူများ  စီးပွားတိုးတက်ရေးနှင့်   နိုင်ငံ့စီးပွားတိုးတက်ရေး   ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်ဟု သတင်းရရှိသည်။    သတင်းစဉ်