
နေပြည်တော် ဒီဇင်ဘာ ၁
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာချင်းဆက်လမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် နောင်လှိုင်-ပင်တီး ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်ငါးဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းခွင်နှင့် အင်းယား ကျေးရွာအုပ်စု ကြီးကိုင်ကျေးရွာ ရွာတွင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း လိုအပ်ချက်များကို မှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးသည်။
နောင်လှိုင်-ပင်တီး ကျေးရွာ ချင်းဆက်လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ယင်းလမ်းပြီးစီးပါက စိုက်ပျိုး မြေဧက ၇၂၀ ကျော်မှထွက်ရှိသော လယ်ယာထုတ်ကုန်များ စီးဆင်းမှု အတွက် အထောက်အကူဖြစ်စေ မည်ဖြစ်ကြောင်းနှင့် ကြီးကိုင် ကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၂၄၅၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ကိုးလက်မထု ကတ္တရာ ခင်းခြင်းလုပ်ငန်းကို ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံ ကိန်း VDP ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ကြီးကိုင်ကျေးရွာသို့ ရောက်ရှိ စဉ် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူ ကျေးရွာသားများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်တွေ့ဆုံပြီး ကျေးရွာ၏ လိုအပ်ချက်များကို ရင်းနှီး ပွင့်လင်းစွာ တင်ပြကြရန်နှင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက် ပေးနိုင်သည့် လုပ်ငန်းများကို ချက်ချင်းဖြည့်ဆည်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ အခြား ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေး ရမည့် လုပ်ငန်းများကို သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ စံပြကျေးရွာများ ဖြစ်ပေါ် လာစေရေးနှင့် ကျေးရွာ၏ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ၊ စီးပွားရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း အသိ ပေးပြောကြားခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြ ဆွေးနွေးမှုများကို ပေါင်းစပ်ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် ကြီးကိုင်ကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာ ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်