
နေပြည်တော် အောက်တိုဘာ ၁၂
အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံနှင့် မွမ်းမံစက်ချုပ် နည်းပညာ သင်တန်းဆင်းပွဲနှင့် ထူးချွန်သူ သင်တန်းသား ငါးဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဒဏ္ခိဏခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသား များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်အောင်မြင် ကျေးရွာအုပ်စု၌ ဒေသခံများ၏ လိုလားချက်အရ ဖွင့်လှစ်ပေးခဲ့သော အခြေခံနှင့် မွမ်းမံစက်ချုပ် နည်းပညာသင်တန်းကို တက်ရောက်ခဲ့ကြသည့် မိသားစုတစ်ခု၏ ပဲ့ကိုင်ရှင် အမျိုးသမီးများသည် အိုးမကွာ အိမ်မကွာဖြင့် အောင်မြင်သော ကိုယ်ပိုင် လုပ်ငန်းငယ်များ ထူထောင်ပြီး မိသားစုဝင်ငွေ တိုးတက်လာအောင် ကြိုးစားကြမည်ဟု ယုံကြည် ကြောင်း၊ ကျေးလက်နေ ပြည်သူတစ်ဦးချင်းစီကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြား တတ်မြောက်စေပြီး အောင်မြင်သော ကိုယ်ပိုင် လုပ်ငန်းငယ်များ ပေါ်ထွက်လာစေရန်မှာ မိမိတို့၏ မျှော်မှန်းချက်ဖြစ်ကြောင်း၊ ယခုစီမံကိန်းလုပ်ငန်း များ၌ လုပ်ငန်းထူထောင်နိုင်စေရန်အတွက် သင်တန်း ဆင်းများထဲမှ ထူးချွန်သူ ငါးဦးကို သတ်မှတ်ချက် နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း နှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူ များအနေဖြင့် မိသားစုဝင်ငွေ တိုးပွားလာခြင်းကြောင့် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးများကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင် ခြင်းများ ဆောင်ရွက်လာနိုင်ပြီး နိုင်ငံတော်အနေ ဖြင့်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထူးချွန်သင်တန်းသားများကို ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ထူးချွန် သင်တန်းသား ငါးဦးထံ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အပ်ချုပ် စက် (အပေါ်ယာပုံ)၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဓားစက်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး က ဘီတင်စက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ထုပ်သီးရိုက်စက်၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော် က မီးပူ၊ စားပွဲနှင့် ထိုင်ခုံ များကို ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများ ချုပ်လုပ်ထားသော အဝတ်အထည်များနှင့် နေပြည် တော် MSME အဖွဲ့များမှ ခင်းကျင်းပြသထားသော ဒေသထွက်ကုန်များကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ် မြောက်လွှတ်ကုန်းကျေးရွာတွင် အသားတိုးဝက် (DYL) မွေးမြူထားရှိမှု အခြေအနေ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသား တိုးကြက် မွေးထားရှိမှုအခြေအနေနှင့် သမဝါယမ ဦးစီးဌာနမှ အသားတိုးဝက်နှင့် နိုးစားနွားများ မွေးမြူ ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မွေးမြူ ထားသော တိရစ္ဆာန်များ တိရစ္ဆာန်ရောဂါများ မကျရောက်စေရေး လိုအပ်သည့် ကာကွယ်ဆေး ထိုးနှံခြင်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနှင့် ချိတ်ဆက်၍ အချိန်မီထိုးနှံထားရန် မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်