ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇန်နဝါရီ  ၁၈ 
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာ နိုင်ငံဆိုင်ရာ အီဂျစ် အာရပ်သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ဦးဆောင်သော   ကိုယ်စားလှယ် အဖွဲ့အား  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ  ဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာ စက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် အသစ်တည်ဆောက်ရေးကိစ္စရပ် များ၊ ကုန်းတွင်း၊ ကမ်းလွန်ရေနံ နှင့်  သဘာဝဓာတ်ငွေ့    ရှာဖွေ တူးဖော်ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံ မှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများ၊   ရေနံ ဓာတ်ငွေ့အရည် (LNG) တင်သွင်း နိုင်ရေး၊   အနာဂတ်ကာလတွင် မြန်မာနိုင်ငံနှင့်    အီဂျစ်နိုင်ငံတို့ အကြား စွမ်းအင်ကဏ္ဍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းများ၊ အီဂျစ်နိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ် မှုလျှော့ချနိုင်ရေးနှင့် လောင်စာဆီ သုံးစွဲမှု   လျှော့ချနိုင်ရေးအတွက် ရုပ်ကြွင်းလောင်စာ  (Fossil Fuel)သုံး  ယာဉ်များအစား    ဖိအားမြှင့် သဘာဝဓာတ်ငွေ့(CNG)သုံး ယာဉ် များ   ပြောင်းလဲအသုံးပြုနိုင်ရေး အတွက် အားပေးမြှင့်တင်ဆောင် ရွက်နေသည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ    အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီး ဌာနရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ  တက်ရောက်ကြ သည်။                      သတင်းစဉ်