
နေပြည်တော် စက်တင်ဘာ ၁၉
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင် များ တွေ့ဆုံသည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ပြီး မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံ တကာဆက်ဆံရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ နိုင်ငံ့အကျိုး ဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပညာရှင်များ ရှုထောင့်မှ အထောက်အကူပြု ပံ့ပိုးနိုင်ရေးတို့ကို တိုက်တွန်း မှာကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ မဟာ ဗျူဟာနှင့် နိုင်ငံတကာလေ့လာ ရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင် များ၊ အမှုဆောင်အဖွဲ့ဝင်များက အဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
သတင်းစဉ်