ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဥရောပ အာရှစီးပွားရေးကော်မရှင်နှင့် ရုရှားစီးပွားရေးအဖွဲ့မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

 

နေပြည်တော်  မတ်   ၂၅


အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး      ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ယနေ့  ညနေ ၄ နာရီတွင် ဥရောပ အာရှစီးပွားရေးကော်မရှင် နှင့်   ရုရှားစီးပွားရေးအဖွဲ့မှ ကိုယ် စားလှယ်များအား  နေပြည်တော် ရှိ   အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး    ဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးသည်   မြန်မာနိုင်ငံနှင့် ဥရောပ အာရှ    စီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ဘဏ္ဍာ ရေး၊     သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက် နှင့်    နည်းပညာ စသည့်ကဏ္ဍ များတွင်   နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ  မြှင့် တင်ရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ်သည်။

 


ထို့အပြင်     မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေး   သမဂ္ဂ၊ ဥရောပ အာရှစီးပွားရေးကော်မရှင် တို့အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ  ရေးထိုးဆောင်ရွက် ခြင်းဖြင့် နှစ်ဖက်အဖွဲ့အစည်းများ အကြား ကုန်သွယ်မှုနှင့်   ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ    တိုးမြှင့် ဆောင်ရွက်လာနိုင်မှု အခြေအနေ များကို ရင်းနှီးစွာဆွေးနွေးသည်။

 


တွေ့ဆုံပွဲသို့   နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်