ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအား တွေ့ဆုံ

 

နေပြည်တော်   ဒီဇင်ဘာ   ၈


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်   လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Mongkol VISITSTUMP ကို  ယနေ့ ညနေ  ၄  နာရီတွင်  နေပြည်တော်ရှိ   အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား အစဉ်အလာအားဖြင့် တည်ရှိသည့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို  ပိုမိုမြှင့်တင်သွားရေးနှင့် ဒေသတွင်းနှင့်    နိုင်ငံတကာ မျက်နှာစာများတွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ   မြှင့်တင်သွားရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်