ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ   ၂၄


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး      ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ    အထူးအာဏာကုန်   လွှဲအပ်ခြင်းခံရသော  ကူဝိတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Mubarak  M  A  Aladwani ကို  ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 


 အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ် ကြီးကို     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ  အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံ သံအမတ်ကြီးအဖြစ်  ခန့်အပ်တာဝန် ပေးခြင်းခံရသည့်အတွက်    ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံ တို့အကြား တည်ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက် မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင် စသည့် ကဏ္ဍတို့တွင် အကျိုးတူဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့်    နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်နားလည်မှု၊       ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး     စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍         ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်    ဆွေးနွေးခဲ့ကြကြောင်း   သိရ သည်။                       

သတင်းစဉ်