
နေပြည်တော် ဧပြီ ၆
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ် ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပံ့ပိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်