
နေပြည်တော် ဧပြီ ၂၁
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ ၄၅မိနစ်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးနှင့် အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များတက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က တူညီဆန္ဒ (၅) ချက် အကောင် အထည် ဖော်ဆောင်ရန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ စိတ်ရှည်သည်းခံမှု၊ နားလည်ပေးမှုနှင့် ခိုင်မာသော ထောက်ခံမှုကို မျှော်လင့်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅) ချက်ကို ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရေးဆန္ဒရှိပါကြောင်းနှင့် အသင့်ရှိပါ ကြောင်း ပြောကြားသည်။
အထူးအလေးထား
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက အာဆီယံနှင့် မြန်မာ နိုင်ငံတို့အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးကိစ္စ သက်သက်ကိုသာ အလေးထား လုပ်ဆောင်သင့် ကြောင်းနှင့် တူညီဆန္ဒ (၅) ချက် အား အကောင်အထည်ဖော် ဆောင်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်ရန် အထူးအလေးထား သင့်ကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် မည်သူ့ကိုမျှ ချန်လှပ်မထား စေရေးမူဝါဒကို အလေးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဆောင် ရွက်ပေးလျက် ရှိသည့်အတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက်အဖွဲ့ အစည်းများ၏ လုပ်ငန်းများ နှင့် ဦးဆောင်ဦးရွက်ပြုမှုအားလုံး သည် မြန်မာနိုင်ငံ အစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်နှင့်အညီ သာ ဖြစ်သင့်ကြောင်း ပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်း ဆောင် H.E. Dr. KUNG Phoak က ခရီးစဉ်အတွက် စီစဉ်ထားရှိမှု များနှင့် အစည်းအဝေးများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ အတွက် မြန်မာအစိုးရကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို လေးစားပါကြောင်း၊ အခြားနိုင်ငံတစ်ခု၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်လို သည့် ဆန္ဒမပါဘဲ မြန်မာနိုင်ငံအား ကူညီရန် ဖြစ်နိုင်မည့် နည်းလမ်း များကို ရှာဖွေလျက်ရှိပါကြောင်း ပြောကြားသည်။
နည်းလမ်းပေါင်းစုံဖြင့် ကူညီ
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် အလားတူ သမိုင်းနောက်ခံရှိသည့် အတွက် ပြည်တွင်းကိစ္စရပ်များ၏ ရှုပ်ထွေးမှုများကို နားလည် ပါကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် အာဆီယံနှင့် မြန်မာ နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင် ပြေသည့် နည်းလမ်းဖြင့် မြန်မာ အား ကူညီရန်အသင့်ရှိပါကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် အာဆီယံ ၏ အစည်းအဝေးတိုင်းတွင် အာဆီယံအဖွဲ့ဝင် အားလုံးပါဝင် သည့် အာဆီယံတစ်ပေါင်း တစ်စည်းတည်းဖြစ်မှုကို ပြန်လည် တည်ဆောက် လိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅) ချက်အား အကောင်အထည် ဖော်ဆောင်ရန် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကူညီ ဆောင်ရွက်နေမှုကို ပြသလို ကြောင်း ပြောကြားသည်။
သတင်းစဉ်