ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ ချုခ်ဘွန်နာ ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၃


အပြည်ပြည်ဆိုင်ရာ       ပူးပေါင်း ဆောင်ရွက်ရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် တာဝန်ပြီးဆုံး၍    ပြန်လည် ထွက်ခွာတော့မည့်    ကမ္ဘောဒီးယား နိုင်ငံ     သံအမတ်ကြီး    မစ္စတာ ချုခ်ဘွန်နာကို     ယနေ့ နံနက် ၁၁ နာရီတွင်   နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးသည်    မြန်မာ-ကမ္ဘော ဒီးယား   နှစ်နိုင်ငံအကြား   အစဉ် အလာအရ      ချစ်ကြည်ရင်းနှီးမှု နှင့်   မိတ်ဖက်ဆက်ဆံရေးအပေါ် သဘောထားနှင့်  လာမည့်နှစ်များ အတွင်း          နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာ          မျက်နှာစာတွင် နီးကပ်သည့်  ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွား ရေးတို့အပေါ် ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။           ထို့ပြင် ပြည်ထောင်စုဝန်ကြီး        သည် ကမ္ဘောဒီးယားအစိုးရ၏    မြန်မာ နိုင်ငံအပေါ်  အပြုသဘောဆောင် သည့် ကဏ္ဍမှပါဝင်၍ လူသားချင်း စာနာထောက်ထားမှု       ဆိုင်ရာ အကူအညီများ        ပေးအပ်ခြင်း အပေါ်  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။        

သတင်းစဉ်