ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် China Foundation for Rural Development (CFRD) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Chen Hongtao ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဒီဇင်ဘာ  ၆


ပြည်ထောင်စုအစိုးရအဖွဲ့ရုံး    ဝန်ကြီးဌာန  (၂) ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုလှိုင်သည်    China Foundation for Rural Development (CFRD) ၏ အမှုဆောင်ညွှန်ကြားရေးမှူး  Mr. Chen Hongtao ဦးဆောင်သည့်    ကိုယ်စားလှယ်အဖွဲ့အား    ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး    ဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ တစ်ဝန်း၌ ပညာရေးနှင့်  လူမှုရေးဆိုင်ရာကဏ္ဍများ တွင် ဖွံ့ဖြိုးရေးစီမံကိန်းများချမှတ်၍  အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍    အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်