ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် (၁၄) ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်

နေပြည်တော်  ဩဂုတ်   ၆


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   ကျင်းပသည့် (၁၄) ကြိမ်မြောက်  မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်မှု   နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (14th Mekong-Japan Foreign Ministers Meeting)သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပါဝင်တက်ရောက်သည်။


အစည်းအဝေးကို          ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး       Mr. Motegi Toshimitsu က     သဘာပတိအဖြစ် ဆောင်ရွက်ပြီး   မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက် နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင်    နိုင်ငံခြားရေး ဝန်ကြီးများက  မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများ အပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂတ် တွင်     ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို        အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိန့်ခွန်းပြောကြားရာတွင် မဲခေါင်-ဂျပန်   ပူးပေါင်းဆောင်ရွက်မှု၏ (၁၄) နှစ်တာကာလအတွင်း များစွာသော စီမံကိန်းများဖြင့်     မဲခေါင်ဒေသတွင်း ပြည်သူများအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊  အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည် မှုနှင့် ပြည်သူအချင်းချင်းရင်းနှီးချစ်ကြည် မှုတို့ကို ခိုင်မာစေသည့် ကောင်းမွန်သော အခြေခံကောင်းများ     ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှုကို ရင်ဆိုင်နေရ သည့် ခက်ခဲသောကာလဖြစ်ပြီး ကာကွယ် ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ဂျပန် နိုင်ငံအစိုးရမှ      လူနာတင်ယာဉ်များ၊ အောက်ဆီဂျင်စက်များ      လှူဒါန်းမှုနှင့် ကပ်ရောဂါကြောင့်    ထိခိုက်ခဲ့ရသည့် စီးပွားရေး           ပြန်လည်ထူထောင်ရန်  COVID-19 Crisis Response Emergency Support Loan အမေရိကန်ဒေါ်လာ သန်း ၂၈၀ ပေးအပ်ခဲ့ခြင်းတို့အပေါ်    အထူး ကျေးဇူးတင်ရှိကြောင်း၊  COVAX program မှတစ်ဆင့်   ကိုဗစ်ကာကွယ်ဆေးများ ရရှိနိုင်ရေး ကူညီပံ့ပိုးနိုင်ရန် တိုက်တွန်း ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က မဲခေါင်ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်   အကူအညီများ ပေးအပ်ရာတွင်  “တိုကျိုမဟာဗျူဟာ ၂၀၁၈”   (Tokyo  Strategy 2018) အောင်မြင်မှုများကို   ချီးကျူးပြောကြား ခဲ့ပြီး မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏         အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုအတွက် မဟာဗျူဟာအသစ် ရေးဆွဲရာတွင်    ဒစ်ဂျစ်တယ်ဆက်သွယ် ချိတ်ဆက်မှု    တိုးမြှင့်ဖော်ဆောင်ရေး၊  ကျန်းမာရေးနှင့်   ကာကွယ်ဆေးထိုးပြီး ကြောင်း   သက်သေခံလက်မှတ်များကို အပြန်အလှန်အသိအမှတ်ပြုရေး၊ ခရီးသွား လာရေးအတွက် လိုအပ်သည့် အထောက် အထားနှင့်   လုပ်ငန်းစဉ်များ တစ်ပြေးညီ ဖြစ်စေရေးအစရှိသည့်   ဖွဲ့စည်းမှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက် ရန်    ထည့်သွင်းရေးဆွဲသွားရေးတို့ကို လည်း   အကြံပြုဆွေးနွေးသည်။ 


ထို့အပြင်      မဲခေါင်ဒေသအတွင်း လူတိုင်း ကျန်းမာရေးဝန်ဆောင်မှုရရှိစေ ရေး ရည်မှန်းချက်အား အကောင်အထည် ဖော်သည့်        လုပ်ငန်းစဉ်အစိတ်အပိုင်း တစ်ရပ်အဖြစ် ကိုဗစ်ကာကွယ်ဆေး ပူးတွဲ သုတေသနလုပ်ငန်းများ၊   ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် အကူအညီပေးမှု များ၊ ကာကွယ်ဆေး တစ်ပြေးညီရရှိရေး စသည်တို့ကို ဦးစားပေးဆောင်ရွက်သွား ရန်နှင့် စီးပွားရေးပြန်လည်ထူထောင်ရေး အတွက်   မဲခေါင်-ဂျပန်    ပူးပေါင်း ဆောင်ရွက်မှုအောက်တွင် ပူးတွဲလုပ်ငန်း အဖွဲ့   ဖွဲ့စည်းရန်   ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံအတွင်း   လက်ရှိဖြစ်ပေါ် တိုးတက်မှုတို့ကို   ထည့်သွင်းဆွေးနွေး သည်။ 


အစည်းအဝေးသို့     နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်သည်။
မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု သည်  မဲခေါင်ဒေသအတွင်း    လူမှုရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာ  စေရေးအတွက် အထောက်အကူပြုရန် မဲခေါင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများ နှင့်   ဂျပန်နိုင်ငံတို့အကြား    ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ရန်ပုံငွေနှင့် နည်းပညာအကူ အညီများ      ပေးအပ်လျက်ရှိကြောင်း သိရသည်။                  

 

              သတင်းစဉ်