ပြည်ထောင်စုဝန်ကြီး ဦးကိုကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ကြည့်ရှုစစ်ဆေး

ပုဂံ   စက်တင်ဘာ  ၁၁


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုသည်   ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက်တွင် ညောင်ဦးမြို့ မဟာဝိသုတာရာမတိုက်သစ် မြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသီရိထံမှ ငါးပါးသီလခံယူပြီး နဝကမ္မ အလှူငွေကျပ်သိန်း ၅၀ နှင့် လှူဖွယ်ပစ္စည်းများ  လှူဒါန်းကာ သာသနာရေး ဆိုင်ရာကိစ္စရပ်များကို     ရှင်းလင်းလျှောက်ထား သည်။


ကြည့်ရှုစစ်ဆေး


ထို့နောက်        ပြည်ထောင်စုဝန်ကြီးသည် ရွှေစည်းခုံဘုရားကြီး    ကြံ့ခိုင်မှုကို    လည်းကောင်း၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် Memory of the World (MoW)   ဘုရင့်နောင် ခေါင်းလောင်းနှင့် ကျန်စစ်သားမင်းကြီး၏  အတ္ထုပ္ပတ္တိကျောက်စာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ဆက်လက်၍ ညောင်ဦးမြို့ ဇမ္ဗူဒီပဗိမာန်တော် တွင် ညောင်ဦးခရိုင်သာသနာရေးဦးစီးဌာန ဝန်ထမ်း များနှင့် တွေ့ဆုံသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယ ဝန်ကြီး၊   ရှေးဟောင်းသုတေသနနှင့်   အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ကို   ပေါင်းစပ်ညှိနှိုင်း ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်