ပြည်ထောင်စုဝန်ကြီး ဦးကိုကို “အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး”တင်ဆက်ကပြနေမှုကို ကြည့်ရှုအားပေး

 

ရန်ကုန်    ဇန်နဝါရီ   ၁၄ 


ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနု ပညာဦးစီးဌာနက   တင်ဆက်ကပြလျက်ရှိသော “အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော် ကြီး”ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် တတိယနေ့အဖြစ် ဆက်လက်တင်ဆက်ကပြသည်။

 


အဆိုပါ      ဇာတ်တော်ကြီးကို     သာသနာရေး နှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊      ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်   ညွန့်ဝင်းဆွေနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး     အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်မတော်သား  စစ်သည်မိသားစုများ၊  မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ ဝင်များနှင့် ၎င်းတို့၏ မိသားစုများ၊ ဖိတ်ကြားထား သော  ဧည့်သည်များ၊  စိတ်ပါဝင်စားသူပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 


ကပြပွဲအပြီးတွင်    ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က   ဖျော်ဖြေတင်ဆက်    ကပြခဲ့သော    အနုပညာရှင်များအား  ဂုဏ်ပြုပန်းခြင်းနှင့်  ဂုဏ်ပြု ဆုငွေများ ပေးအပ်သည်။                    

သတင်းစဉ်