ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ စီမံချက်လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ်ညှိနှိုင်း အစည်းအဝေးတက်ရောက်

 

 

နေပြည်တော်   ဖေဖော်ဝါရီ  ၂၄ 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ    အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍  ကြုံတွေ့လာသည့်  အခက်အခဲများကြား မှ စီမံချက်လျာထားချက်အတိုင်း ပြီးစီးအောင်မြင် အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ် ညှိနှိုင်း အစည်းအဝေးကို   ယနေ့မွန်းလွဲ   ၂  နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


ညှိနှိုင်းပူးပေါင်းဆောင်ရွက်


ဦးစွာ    ပြည်ထောင်စုဝန်ကြီး   ဦးခင်ရီက  နောင်လာမည့်  ရွေးကောက်ပွဲတွင် နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့်        ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်   စိစစ်ချက်အရ ၁၆  နှစ်နှင့် အထက်ရှိသူ ၃ ဒသမ ၄ သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်   ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း၊   ပန်းခင်းစီမံချက်သည်  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ် မေ  ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက် ရမည့် စီမံချက်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက်        သတ်မှတ်ကာလအတွင်း လျာထားသတ်မှတ်အရေအတွက် ပြီးစီးအောင်မြင် အောင်  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသအာဏာပိုင် များ၊  အခြားသော  ဆက်စပ်ဌာနများနှင့်  ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 


တွေးတောကြံဆဆောင်ရွက်


ယခုအခါ စီမံချက်ကာလ ၁၀ လကြာ ရှိပြီဖြစ်ပါ ကြောင်း၊ ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့သည် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်   ပြီးစီးအောင်မြင်ပြီး  ဖြစ်ပါကြောင်း၊ လျာထားချက်ရာနှုန်းပြည့် မပြီးစီးသေးသော်လည်း လျာထားချက်၏ ၉၀ ရာခိုင်နှုန်းအထက် ပြီးစီးမှုမှာ မကွေး၊ တနင်္သာရီနှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ပါကြောင်း၊   လက်ရှိကာလအထိ  ပြီးစီးရမည့် လျာထားချက်အောက်တွင်  ချင်းပြည်နယ်၊  ရှမ်း ပြည်နယ်(မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ရှိနေသည်ကို တွေ့ရပါကြောင်း၊ ကြုံတွေ့လာသည့် အခက်အခဲအဟန့်အတားများကို    ဖြစ်နိုင်သမျှ နည်းလမ်းများရှာကြံကာ     လျာထားချက်အောင် မြင်ရေးအတွက်   ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊  နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်   အဓိကကျသည့်   နောက်ဆုံးအချက်ကို အကောင်အထည်ဖော်နိုင်ရန်မှာ  ပန်းခင်းစီမံချက် အောင်မြင်ရေးသည်      အရေးတကြီးလိုအပ်ချက် ဖြစ်သည်ကို စွဲမြဲမှတ်ယူကြရန်လိုကြောင်း၊ ထို့ကြောင့် စီမံချက်လျာထားချက် ရာနှုန်းပြည့် ပြည့်မီကျော်လွန် ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ဒေသအလိုက် ဆောင်ရွက်ပြီးစီးမှု   အခြေအနေများကို   မျက်ခြည် မပြတ် စောင့်ကြည့်ကာ ဆောင်ရွက်ရန် ကျန်ရှိသည့် ဒေသများကို   အကွက်အလိုက်၊  နယ်မြေအလိုက် သတ်သတ်မှတ်မှတ်စုစည်းကာ ဌာနပေါင်းစုံ စုဖွဲ့ ကွင်းဆင်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မည့်နည်းများကို တွေးတောကြံဆဆောင်ရွက် ကြရန်လိုကြောင်း၊ ယခု ပန်းခင်းစီမံချက် အောင်မြင် ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကော်မတီ အသီးသီးမှ    တာဝန်ရှိသူများကလည်း   စီမံချက် လုပ်ငန်းဆောင်ရွက်များနှင့်   ပတ်သက်၍  လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင် ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းနှင့် အကြံဉာဏ် များ၊   လုပ်နည်းလုပ်ဟန်များကို  အကြံပြုသုံးသပ် ဆွေးနွေးပေးကြစေလိုကြောင်း ရှင်းလင်းပြောကြား သည်။

 


အကြံပြုဆွေးနွေး


ထို့နောက်     ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး    ဦးစီး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဌေးလှိုင်နှင့် အဖွဲ့ဝင် များ ညှိနှိုင်းပေါင်းစပ်ရေးလုပ်ငန်းကော်မတီ၊ မီဒီယာ လုပ်ငန်းကော်မတီ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ပန်းခင်း စီမံချက်  သတ်မှတ်ကာလအတွင်း  လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့်   အစီအစဉ်များ၊  ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များကို အကြံပြုဆွေးနွေး တင်ပြ ကြသည်။

 


မဖြစ်မနေဝိုင်းဝန်းကြိုးပမ်း


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်အပြင်၊ e-ID စနစ်ဆိုင်ရာ ကိစ္စရပ်များ၊ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရေး၊  ပန်းခင်းစီမံချက်ကို   သတ်မှတ် ကာလအတွင်း လျာထားချက်အတိုင်း အောင်မြင်ရေး အတွက်   ဆောင်ရွက်ပြီးစီးမှုကို  မျက်ခြည်မပြတ် စောင့်ကြည့်ကာ   အားလုံးက  မဖြစ်မနေဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေး  ပြောကြားခဲ့ကြောင်း သိရသည်။                               

သတင်းစဉ်