
နေပြည်တော် စက်တင်ဘာ ၂
ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းဖြစ် သည့် ပန်းခင်းစီမံချက်အကောင်အထည် ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလ အတွင်း ပြီးစီးရန် လျာထားသည့် လုပ်ငန်း ပမာဏပြည့်မီပြီးစီးအောင် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင် ရွက်မှုကို ရပ်တန့်ခြင်းမျိုး မဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ၍ တတ်နိုင်သမျှနည်းလမ်း၊ ဖြစ်နိုင်ခြေရှိသမျှ လုပ်နည်းလုပ်ဟန်များ ရှာကြံကာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများ အနေဖြင့် နယ်မြေဒေသအလိုက် ဆောင် ရွက်ရမည့်အခြေအနေများကို အသေးစိတ် ရေးဆွဲကာ သက်ဆိုင်ရာဒေသ အာဏာပိုင် များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထားကြရန်လိုကြောင်း။
မဖြစ်မနေအရေးကြီး
ပန်းခင်းစီမံချက်သည် နိုင်ငံတော် အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ် သကဲ့သို့ ပြည်သူတစ်ဦးချင်းအတွက် လည်း နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်ပြီး လူမှုဘဝဆောင်ရွက်မှု တိုင်းတွင် မဖြစ်မနေအရေးကြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင် ဆောင်နိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်သည့်အတွက် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ရမည့် လုပ်ငန်းပမာဏများသည့် ကရင်ပြည် နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ စသည့် တိုင်းဒေသကြီး/ ပြည်နယ် လေးခု ၏ ဆောင်ရွက်ချက်များကို ဆွေးနွေးသွား မည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ် များ၏ ဆောင်ရွက်ချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန် စီစဉ်ထား ရှိကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကရင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဦးစီးမှူး များက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက်များကို ဗီဒီယိုကွန့်ဖရင့်စနစ် ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်