ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပန်းခင်းစီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး မီဒီယာဆိုင်ရာ ဘက်ပေါင်းစုံ အသုံးပြုဆောင်ရွက်ရန် မှာကြား

 

နေပြည်တော်   ဩဂုတ်   ၁၄


လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာနမှ  အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိ သည့်      ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု  လူဦးရေစာရင်းနှင့် နိုင်ငံသား      စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့်    ချိတ် ဆက်ဆောင်ရွက်နိုင်မည့်  အီလက် ထရွန်နစ်စနစ်ဖြင့်     လူဦးရေ မှတ်ပုံတင်ခြင်းစနစ်    (e-IDစနစ်)လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေး ခြင်းကို  ဩဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ  ဝန်ကြီး ဌာန        အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ   အမျိုးသားမှတ်ပုံ တင်နှင့်     နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဒေါ်မှုံရွှေရည်က အီလက်ထရွန်နစ်     စနစ်ဖြင့် လူဦးရေ      မှတ်ပုံတင်စနစ် (e-IDစနစ်)  သိကောင်းစရာများ၊ ကမ္ဘာ့နိုင်ငံတချို့၌    ကျင့်သုံးနေ သည့် e-ID စနစ်များ၊ e-ID စနစ် နှင့် ပတ်သက်၍  လေ့လာဆန်းစစ် တွေ့ရှိချက်များနှင့်  လုပ်ငန်းဆိုင် ရာ လိုအပ်ချက်များကို ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီး  ဦးဌေး လှိုင်နှင့် တာဝန်ရှိသူများက  ဖြည့် စွက်ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက်   ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက e-ID လုပ်ငန်း စနစ်အား   စနစ်တကျ   လေ့လာ သုံးသပ်ကာ  မိမိတို့ဌာနက ဆောင် ရွက်နေသည့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း   လုပ်ငန်း နှင့်   ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အတွက်  စဉ်းစားလေ့လာသုံးသပ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊  e-ID         လုပ်ငန်းစနစ်သည် e-Government စနစ်၏ အခြေခံ အကျဆုံး        လုပ်ငန်းဖြစ်ပြီး နောက်ပိုင်းတွင်     အခြားသော ဝန်ဆောင်မှု        စနစ်များနှင့် ချိတ်ဆက်    ဆောင်ရွက်နိုင်ရေး အတွက်      ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရမည်     ဖြစ်ပါ ကြောင်း၊   မိမိတို့ဌာနလုပ်ငန်း များသည်  နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် ဆက်စပ်    သက်ဆိုင်နေသည့် အတွက် အားလုံးက အလေးထား ဂရုပြုဆောင်ရွက်ကြရန်နှင့် e-ID စနစ်     လုပ်ငန်းစဉ်   အကောင် အထည်ဖော်နိုင်ရေး     အတွက် အသေးစိတ်    ပြန်လည်ဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 


ယနေ့နံနက်ပိုင်းတွင် ပန်းခင်း စီမံချက်အောင်မြင်စွာ   အကောင် အထည်ဖော်  ဆောင်ရွက်ရာတွင် ပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ကာ  ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် မီဒီယာကဏ္ဍ ဖော်ဆောင်ရေး  ညှိနှိုင်းအစည်း အဝေးကိုကျင်းပရာ   အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ဒုတိယ     ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက   ပန်းခင်းစီမံချက် ဆောင်ရွက်ရာ၌    ပြည်သူလူထု အသိပေးခြင်းလုပ်ငန်းကို ရှင်းလင်း တင်ပြပြီး တာဝန်ရှိသူများက ဖြည့် စွက်ရှင်းလင်းတင်ပြကြသည်။ 

 


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးက  ပန်းခင်းစီမံချက်သည် နိုင်ငံသားများ၏ လူမှုဘဝ ပြည့်စုံ နိုင်ရေးအတွက်   မရှိမဖြစ်  လိုအပ် သည့် နိုင်ငံသားအထောက်အထားတစ်ခုဖြစ်မှု၊   ယင်းလုပ်ငန်းစဉ် သည်    ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးရသည့်   လုပ်ငန်း ဖြစ်သည်နှင့်အညီ ပြည်သူများသိရှိ နားလည်ပြီး    လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်ရေး      အတွက် နည်းလမ်းများ  ရှာကြံ တွေးတော ဆောင်ရွက်နိုင်ရေး၊   မီဒီယာကဏ္ဍ တွင် Online ၊   Offline တို့ဖြင့် ဘက်ပေါင်းစုံ   အသုံးပြု   ဆောင် ရွက်သွားရေးနှင့်   လူမှုကွန်ရက် တို့မှ   ထပ်ဆင့် ဖော်ပြအသိပေး နိုင်ရေး၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ ဒေသအာဏာပိုင်များ၊ တိုင်းရင်းသား   အဖွဲ့အစည်းများ၊ လူမှုရေး    အဖွဲ့အစည်းများသို့ ဆက်သွယ်၍ လုပ်ငန်းအခြေအနေ များကို   အသိပေးရှင်းလင်းတင်ပြ ချပြနိုင်ရေးနှင့်        စပ်လျဉ်း၍ ရှင်းလင်းမှာကြားခဲ့ကြောင်း    သိရ သည်။                

 သတင်းစဉ်